ပဲခူးတိုင်း PDF က ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီပစ်မှတ် ၈ ခု ကို တိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)က ပျုစောထီး၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီရဲ့ ပစ်မှတ်နေရာ ၈ ခုကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ပြည်သူတွေကို အဓမ္မ​ငွေ​တောင်းအနိုင်ကျင့်နေတဲ့ ပျု​စောထီး၊ အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ စစ်ယာဥ်တန်းတွေအပါအဝင် စစ်ကောင်စီနဲ့ စစ်ကောင်စီမိသားစု အကျိုးစီးပွားပိုင် မိုင်တဲလ်တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီး သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ ဇီးကုန်းမြို့က  ရဲတပ်သား ၂ ဦး သေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ပေါင်းတည်မြို့က ပျုစောထီး ခေါင်းဆောင် ဝေလင်းနဲ့ မိုးညိုမြို့က မိုင်တဲလ် တာဝါတိုင် ၁ တတိုင်းကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေတာရှည်မြို့နယ်က ရဲစခန်းဝင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့​သလို  သက္ကလမြို့ ရွှေ​ပြည်အေးရပ်ကွက်က အုပ်ချုပ်ရေးမှူး အောင်မင်းဦး၊ ပေါင်းတည်မြို့ ကျေးလက်​ဒေသဖွံ့ဖြိုးရေးရုံးနဲ့ သစ်ပုတ်ကျေးရွာက မိုင်တဲလ်တာဝါတိုင်တို့အပြင် ပဲခူးမြို့အတွင်း လှည့်ကင်းပတ်နေသော စစ်ကောင်စီရဲ့ ယာဥ်နှစ်စီးကိုပါ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်၊

ပဲခူးတိုင်း PDF တာဝန်ရှိသူတစ်ဦးက “နှစ်ရက်အတွင်း နေရာ ၈ ခုကို တိုက်ခိုက်တာပေါ့။ ပဲခူးတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်တိုင်းစစ်ဌာနချုပ်) လက်အောက်မှာရှိတဲ့ မြို့နယ် အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လုပ်တာပါ။ ပဲခူးက စစ်ယာဥ်တန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီက အနည်းဆုံး ၁၀ ယောက်အထက်မှာ သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။ 

ပဲခူးတိုင်း​အတွင်း မြို့နယ် ၂၈​မြို့နယ်မှာ ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေ ဖွဲ့စည်း​​ပြီ​ဖြစ်တာ​​​​ကြောင့် လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ကို တွန်း လှန်တိုက်ဖျက်ကာ  တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမှာ​ဖြစ်တယ်လို့  တောင်ပိုင်တိုင်းစစ်ဌာနချုပ် အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်၊

မြို့တွင်းပြောက်ကျား စစ်ဆင်ရေးတွေနဲ့ ချေမှုန်းရေးတိုက်ပွဲတွေကြောင့်   ​ ပြည်သူလူထုအနေ​နဲ့ အန္တရယ်ကင်းရှင်းပြီး ထိခိုက်မှု အနည်းဆုံးဖြစ်​စေဖို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များကို လိုက်နာ​ပေးဖို့ကိုလည်းတိုက် တွန်း ထားပါတယ်၊DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s