ပဲခူး၊ သက္ကလမြို့နယ်က အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ သက္ကလမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်က အုပ်ချုပ်ရေးမှူး တယောက်  အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဦးဟာ ပဲခူး-သက္ကလ ကားမှတ်တိုင်မှာ ကွမ်းယာဝယ်နေစဉ် သေနတ်နဲ့ ၅ ချက် ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနက် ၁၁ နာရီလောက်က ဇော်ထွေးကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေတုန်း သေနတ်နဲ့ ၅ ချက် ပစ်ခံရတာ၊ ၂ ချက် မှန်ပြီး ပွဲချင်းပြီးသေတာပဲ။ ဘယ်သူပစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဦးအောင်မင်းဦး သေနတ်ပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s