ဖရူဆိုတွင် ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီး

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲက ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီကား ၁ စီး ပျက်စီးပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထားလဲကျေးရွာနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထားလဲကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းက စစ်ကောင်စီဘက်က လဆန်းပိုင်းကတည်း ဖရူဆိုနဲ့ ဘောလခဲမြို့တို့ကို ထိုးစစ်ဆင်တာ၊ ရိက္ခာ အင်အား ဖြည့်တင်းတာတွေကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်က တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီ(ကယား) ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၂၂ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင် အားစု (PKPF) က အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ သပိတ်အတွင်းသေဆုံးသူ ၂ ဦး၊ စစ်ကောင်စီကအရပ်သားကို အကြောင်းမဲ့ သတ်ဖြတ်တာ ၈၂ ဦး၊ စစ်ဘေးရှောင်စဉ် သေ ဆုံးသူ  ၁၀ ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ကသေဆုံးသူ ၂၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  သေဆုံးသူအများစုမှာ ဒီးမော့ဆိုမြို့မှဖြစ်ပြီး ၈၃ ဦး၊ လွိုင်ကော်မြို့က ၂၁ ဦး၊ ဖယ်ခုံမြို့က ၁၀ ဦး၊ မိုးဗြဲမြို့က ၅ ဦး၊ ဘောလခဲမြို့က ၂ ဦး၊ ဖရူဆိုမြို့ ၁ ဦးဖြစ်ပြီး အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ၅ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s