ဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူး ပေါင်းတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကား ၁ စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရမှုများရှိ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား အောက်တိုဘာလ ၁၂ ရက် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့မှ မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၁ စီးပျက်စီးသွားကာ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ထားလဲကျေးရွာအနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်၊ KNDF၊ KGZ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့သည်။အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ကရင် နီပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး ဒဏ်ရရကြောင်း ကရင်နီတပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထားလဲကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာပြည်သူများ၏ စပါးချီများကိုမီးရှို့ဖျက်စီးခြင်းနှင့်ကျွဲနွားတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

အောက်တိုဘာလဆန်းပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုနှင့် ဘော်လခဲမြို့နယ်များဘက်သို့ ထိုးစစ်ဆင်လျှက်ရှိနေကြောင်း၊ လွိုင်ကော်-ဘောလခဲ လမ်းမကြီးတစ် လျှောက် လမ်းကင်း များချထားခြင်း၊ ခြေလျင်တပ်များဖြင့်စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် လူသူ လက်နက်၊ ရိက္ခာ အင်အား ဖြည့်ခြင်းများလုပ်ဆောင်နေပြီး အောက်တိုဘာလ ၉ ရက်မှစ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s