မိုးကုတ်မြို့တွင် ဆိုင်ကယ်စီးလူငယ် ၄ ဦးကို စစ်တပ်က ရိုက်နှက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို မိုင်းလုံအောက်ရွာလမ်းကနေ ဝင်လာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ယောက်ကို  အောက်တိုဘာ ၁၁ ရက်နေ့ခင်းပိုင်းက စစ်ကောင်စီတပ်တွေက ဆိုင်ကယ်  ရပ်ခိုင်းပြီး သွေးထွက်သံယိုဖြစ်တဲ့အထိ  ရိုက်နှက်ကြတယ်လို့ ဒေသခံမျက်မြင်တွေ့သူက ပြောပါတယ်။

“ဒီနေရာက အရင်ကမစစ်ဘူး။ ဂိတ်လည်း မရှိဘူး။ ခုက သတင်းရလို့ထင်တယ်။ စစ်သား တွေလည်း အရောက် ကောင်လေးတွေလည်း အရောက်ပဲ။ သေနတ်တွေနဲ့လည်း ရိုက်ပြီး ကန်သေးတယ်။ ရိုက်ခံရတဲ့ လူငယ်တွေက ထ​တောင်မထနိုင်တော့ဘူး” 

ရိုက်နှက်ခံရတဲ့လူငယ်တွေက အနီးအနားရွာကလူတွေ မဟုတ်တာ​ကြောင့် ခရီးသွားတဲ့သူတွေလို့ပဲ ယူဆရကြောင်းကို အနီးအနား က​ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့မှာလည်း အောက်တိုဘာ ၁၁ ရက်မနက်ပိုင်းက လမ်းမှာ ကျနေတဲ့အထုပ်တထုပ်ကို စစ်ကောင်စီတပ်တွေက ဗုံးလို့ယူဆပြီး သေ နတ်နဲ့ ပစ် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s