မုံရွာတွင် စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦး ကျည်ထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ထန်းတော ကန်ပတ်လမ်း အထက(၆)အနီးမှာ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီလောက်က လူငယ်နှစ်ယောက်ကို  အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က  သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့ရာမှာ တယောက် သေဆုံးသွားပါတယ်။

လူငယ် နှစ်ယောက်ဟာ ဆိုင်ကယ်စီးလာတာဖြစ်ပြီး အရပ်ဝတ်လက်နက်ကိုင် လေးယောက်က အိမ်စီးကားအဖြူနဲ့ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာမှာ လူငယ်တယောက်သေဆုံးပြီး  တယောက်ကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ သံမဏိ အဖွဲ့သားများ (MPDF ကိုယ်စားပြု) က ဖြစ်ပြီး ရဲဘော်စုပ်ဖွားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ လူငယ်ရဲ့  ရုပ်အလောင်းကို စစ်ကောင်စီတပ်က  ရဲကားနဲ့ လာရောက်ယူဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s