မော်လမြိုင်ကျွန်းမြို့က ဒလန်ကွမ်းယာဆိုင် ဗုံးပေါက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ (၁၂ )ရပ်ကွက် မာလာလမ်းထိပ်ရှိ ဒလန်ဟုနာမည်ကြီး‌နေသူတစ်ဦး ပိုင်ဆိုင်သည့်ကွမ်းယာဆိုင်တွင် ယနေ့ (အောက်တိုဘာလ ၁၂ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံက သိရသည်။ ကွမ်းယာဆိုင်ပိုင်ရှင် ကိုဇော်ဝင်းသည် စစ်တပ်ကအာဏာသိမ်းပြီးနောက် ရဲသတင်းပေးလုပ်နေပြီး ၎င်းကြောင့် ဆန္ဒပြပြည်သူများ ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဇော်ဝင်းက ဒလန်လုပ်နေတာတော်တော်ကြာပြီ ။ သူ့ကြောင့်အဖမ်းခံရတာလည်းမနည်းဘူး ။ ဒီမနက် ပေါက်တာ သူ့ကွမ်းယာဆိုင်မှာပေါက်တာပါ။ဗုံးကနှစ်လုံးထောင်ထားတာ တစ်လုံးကမပေါက်ဘဲကျန်ခဲ့လို့ စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေလာပြီးဖျက်ဆီးသွားကြတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ယင်းကွမ်းယာဆိုင်အနီးတွင် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးတစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s