ရေးမြို့နယ် အမြောက်တပ်အနီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်-ထားဝယ်ကားလမ်း စစ်ကောင်စီ လက်အောက်ခံ စကခ ၁၉ အမြောက်တပ်အနီး အောက်တိုဘာ ၁၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။

လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြောက်တပ်အနီး ခြံစည်းရိုးကာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ဦးထက်မနည်း ပစ်သတ်ထားခံသလို ရဲတပ်ဖွဲ့ဝင် တစ်ဦးလည်း အနီးကပ် ဓားနဲ့ ထိုးသတ်ထားရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s