လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေး ရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ၄ ချက် ပစ်သတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး  ရီဦးဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အိမ်အနီးနားမှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

“အရင် အုပ်ချုပ်ရေးမှူးထွက်သွားတော့ သူ့ကို အုပ်ချုပ်ရေးမှူးဆိုပြီး စကစ က ခန့်ထားတာ။ ညနေ ၄ နာရီခွဲလောက် ဆိုင်ကယ်နဲ့ အိမ်ပြန်လာတုန်း အနောက်ကဆိုင်ကယ်နဲ့လိုက်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားလို့ သေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အမည်မသိ  သေနတ်သမားက  ပစ်သတ်ခဲ့လို့ သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး ရီဦးဟာ ကျေးရွာမှာ  ဒလန် အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်းက စစ်အာဏာရှင် ဆန့်ကျင်သူတွေကို  စစ်ကောင်စီကို ခေါ်ဖမ်းခိုင်းခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မျိုးဦးကို အမည်မသိအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

ရီဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး သေနတ်ပစ်ခံရတဲ့ နေရာအနီးမှာ စုံစမ်းစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s