လှည်းကူးတွင် ပြည်သူ ၅ ဦး အဖမ်းခံရပြီး ၂ဦးမှာ ပြန်လည် လွှတ်မြောက်လာ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ငါးဦးအား အောက်တိုဘာလ ၁၀ရက်တွင် ဖမ်းဆီးသွားပြီး နှစ်ဦးမှာ ယင်းနေ့တွင်ပင် ပြန်လည် လွှတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။


အဖမ်းခံရသူများမှာ မြို့မရပ်ကွက်၊ စံပယ်လမ်းမှ အသက် ၂၆နှစ် အရွယ် ကိုပြည့်သူ၊ အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ဆန်းဦး၊ ကျွန်းကလေးကျေးရွာမှ အသက် ၃၈ ဝန်းကျင်အရွယ် ကိုရွှေလိုင်ဦး (ခ) ကောက်ကြီးနှင့် ကျောက်အိုင်ကျေးရွာမှ အမျိုးသားနှစ်ဦး တို့ဖြစ်ကြသည်။ ညတွင်းချင်းပြန်လည်လွတ်မြောက်လာသည်သူနှစ်ဦးမှာ ကျောက်အိုင်ကျေးရွာကဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးခံရသူများအနက် ကိုပြည့်သူနှင့် ကိုအောင်ဆန်းဦးတို့မှာ ညီအစ်ကိုများဖြစ်ပြီး ယမန်နေ့ည ၈နာရီဝန်းကျင်က ၎င်းတို့၏ နေအိမ်သို့ စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။”ကိုပြည့်သူကို နောက်ပြန်လက်ထိပ်ခတ်သွားတယ်။


သူ့အကိုကျတော့ ဒီအတိုင်းခေါ်သွားတယ်။ သူ့ကိုလာဖမ်းတော့ ကားပေါ်မှာ နှစ်ယောက်(အရပ်ဝတ်ဖြင့်လူ )ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။


ထို့အတူ ကျွန်းကလေးရွာမှ ကိုရွှေလိုင်ဦး (ခ ကောက်ကြီးကို ည ၁၁နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်က မေးမြန်းစရာရှိသည်ဟု ဆိုကာ ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။


စက်တင်ဘာ ၁၀ရက်တွင် ဇရပ်ကွင်းကျေးရွာမှ ဒလန်အသတ်ခံရပြီးနောက်ပိုင်း ဆက်စပ်သူများကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီး နေခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရမှုများအပေါ် ဒေသခံများကသုံးသပ်ပြောဆိုနေကြသည်။


ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမိသားစု၀င်များက လိုက်လံစုံစမ်းမေးမြန်းရာတွင် လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်းလည်း သိရသည်။


လှည်းကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရသူ ပြည်သူစုစုပေါင်း ၁၀၃ဦး အထိရှိလာပြီး သေဆုံးသူ လေးဦးရှိပြီ ဖြစ်ကြောင်း လှည်းကူးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s