အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံပွဲပျက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဧရာဝဏ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီတချို့ အောက်တိုဘာ ၁၂ ရက်  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပွဲ အစီအစဉ်ပျက်သွားတယ်လို့ သတင်းရရှိပါတယ်။

ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ မူလက တွေ့ဆုံဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  စီစဉ်ထားတာဖြစ်ပြီး  ဒီတွေ့ဆုံပွဲ ပွဲဘာကြောင့်ပျက်သွားလဲ မသိရသေးပါဘူး။

အာဆီယံ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို မနေ့က ရောက်ရှိနေတာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့  တွေ့ဆုံရဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s