အိန္ဒိယနိုင်ငံမှ သုံးဘီးအငှားယာဉ်မောင်းများက ၎င်းတို့၏ တစ်နေ့တာဝင်ငွေကို မြန်မာစစ်ဘေးရှောင်များအား လှူဒါန်း

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ စငေါင် (Sangau)ခရိုင်အတွင်းရှိ Civil Sub-Division က သုံးဘီးအငှားယာဉ် မောင်းများသည် ၎င်းတို့၏ တစ် နေ့တာရရှိလာသော လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စစ်ဘေးရှောင်လာကြသူများအား လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

စငေါင် (Sangau )သုံးဘီးကားအသင်းမှ ကြီးမှူးစီစဉ်ပြီး အောက်တိုဘာ ၁၁ရက် မနက် ၉နာရီမှ ညနေ ၄နာရီ အထိ သုံးဘီး ၁၅ စီး ပြေးဆွဲပြီး ရလာသော ငွေများကို လှူဒါန်းမည်ဟု ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Chhimthli နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ ရရှိလာသော အလှူငွေများကို အမှန်တကယ် အကူအညီလိုအပ်သူများထံ ရောက်ရှိနိုင်ရေးအတွက် စစ်ဘေးရှောင်များ နေထိုင်ရာသို့ အသင်းမှ တာ ဝန်ရှိသူများက သွားရောက်ကြည့်ရှုစီစစ်ကာ ကူညီ‌ပေးသွားမည်ဖြစ်‌ပြီး ရရှိထားသည့် ငွေပမာဏကို မသိရှိရသေးပေ။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ အနေဖြင့် Civil Sub-Division က သုံးဘီးအငှားယာဉ်များ အသုံးပြုပါက ကျသင့်ငွေ၏ ၅၀ရာခိုင်နှုန်းသာ‌ ပေးဆောင်ရမည်ဟု ယင်းသတင်းစာတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ နေ့စဉ်ဝင်ရောက်ခိုလှုံလျက်ရှိရာ ဗဟိုအစိုးရထံမှ အကူအညီများမရရှိသေးကြောင်း အကူ အညီပေးရေး အဖွဲ့အစည်းများထံမှ သိရသည်။မီဇိုရမ်ရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေး၊ လူမှုရေး၊ ကျောင်းသားများ၊ အနုပညာရှင်အဖွဲ့များနှင့် တစ်ယောက်ချင်းအလှူရှင်များကလည်း တစ်နိုင်တစ်ပိုင် ရံပုံငွေများ ရှာဖွေကား မြန်မာစစ်ဘေးရှောင်များအား ကူညီလျက်ရှိသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s