ကလေး-ဖလမ်းလမ်းမကြီးပေါ်ရှိ ထင်းရူးစခန်းတွင်သတ်ဖြတ်ခံထားရသော ရွာသား အလောင်း ၂ လောင်းတွေ့

ချင်းပြည်နယ် ကလေး-ဖလမ်းလမ်းမကြီးပေါ်ရှိ Tuphei ရွာ (ထင်းရူးစခန်း)တွင် သတ်ဖြတ်ခံထားရသော ရွာသားအလောင်းနှစ်လောင်းကိုတွေ့ရပြီး စစ်ကောင်စီ တပ်များသတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။’

‘ကလေး-ဖလမ်းလမ်းမကြီးပေါ်မှာတဲ့ရှိ Tuphei ရွာ (ထင်းရူးစခန်း)မှာ စစ်ကောင်စီတပ်တွေ သတ်ဖြတ်ထားတဲ့အပြစ်မဲ့ရွာသား အလောင်းနှစ်လောင်း တွေ့ရှိရတယ်၊ ဒါပေမယ့်ဘယ်သူမှသွားမယူရဲသေးဘူး။ သူတို့မိုင်းထောင်ထား မှာကြောက်လို့”ဟု ရွာသားတစ်ဦးကပြောသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် သံချပ်ကာကားနှစ်စီး၊စစ်ကား ၁၃စီးဖြင့် အင်အား ၁၅၀ခန့်ဟားခါးဘက်ခြမ်းကိုတက်သွားသည်ဟုလည်း သိရသည်။ယမန်နေ့ကလည်း ကလေးဘက်မှတက်လာသော သံချပ်ကာတစ်စီးနှင့်စစ်ကား ၆၁စီး ရောက်ရှိလာခဲ့သည်ဟု ပြောသည်။ ချင်းအမျိုးသားအဖွဲ့ချုပ်က မိဘပြည်သူများအနေဖြင့် သေရေးရှင်ရေးမှအပ ”ဖလမ်း-ရိဒ် ၊ဖလမ်း-ဟားခါးလမ်းတလျောက်တွင် လုံးဝ(လုံးဝ)မပြုလုပ်ရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s