ကော့ကရိတ်မြို့နယ်တွင် KNLAနှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲ ဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်( KNLA )နှင့် အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၅၆) တို့အကြား ယနေ့ အောက်တို ဘာလ ၁၃ ရက်နေ့လည် ၁၁နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ “ မနက် ၁၀နာရီ မိနစ် ၅၀ ကစဖြစ်တဲ့ တိုက်ပွဲအပြီးမှာ လေယာဉ်သံလည်း ကြားရတယ်။

နေ့လည်ကတော့ လက်နက် ကြီးသံ သုံးလေးချက်တော့ ကြားတယ်။ ညနေ နှစ်နာရီကျော်လောက်မှာလည်း လက်နက်ကြီးသံ တစ်ချက် နှစ်ချက်တော့ကြားတယ် ” ဟု ကော့ကရိတ်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ တိုက်ပွဲတွင် KNLA နှင့် စစ်ကောင်စီဘက်မှ တစ်ယောက်စီ ကျဆုံး‌‌ကြောင်း သတင်းကြားရသည်ဟုလည်း ၎င်းကဆိုသည်။

ကော့ကရိတ်မြို့ ၊ လှိုင်ဝဘုရားကုန်း‌ပေါ်ရှိ စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် နယ်မြေခံ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ (KNLAနှင့် DKBA ခွဲထွက်) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေ သအခြေစိုက် KIC သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

လတ်တလောတွင် ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း ညဉ့်အချိန် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ “လက်ရှိ အခုတော့မကြားရတော့ဘူး။ အခြေအနေတော့ စောင့်ကြည့်နေရတယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ ညပိုင်းမှာ ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၂ ရက်) ကလည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရွာသစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့ ပျက်စီးခဲ့သည်။ ယင်းအပြင် အောက်တိုဘာလ ၁၁ ရက်ကလည်း ကော့ကရိတ်မြို့ နယ် ကော့နွဲရွာ အနီးတွင် KNLA နှင့် ယခုတိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီ၏ ခြေမြန်တပ်တို့အကြား တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦးသေဆုံးပြီး ၁၂ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s