ခင်ဦး၊ ယင်းမာပင်တွင် စစ်ကောင်စီယာဉ်တန်းနှင့် တံတားတခု မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နဲ့ ယင်းမာပင်မြို့တို့မှာ စစ်ကောင်စီယာဉ်တန်းနဲ့ တံတားတခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့မှာ အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂ နာရီလောက်က ညောင်ပင်ကြီးစု ကျေးရွာဘက်က လာတဲ့ စစ်ယာဉ်တန်းကို ခင်ဦး-ရေဦးလမ်း မြကန်ကျေးရွာလမ်းခွဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားနှစ်စီး အပြင်းအထန် ထိခိုက်သွားတယ်လို့ ဒေသခံ PDF က ပြောပါတယ်။

ခင်ဦး PDF တပ်ဖွဲ့ဝင်တဦးက “ညောင်ပင်ကြီးစုရွာက ဒလန်မိသားစုကို ကားတစ်စီးနဲ့လာခေါ်တယ်၊ ကားနောက်က လုံခြုံရေးလိုက်တဲ့ ဆိုင်ကယ်ပါတယ်။ အဲဒီထဲက ကောင်ကို ကျနော်တို့အဖွဲ့တွေက သေနတ်နဲ့ခြောင်းပစ်တာ တကောင် မှန်ပြီးကျသွားတယ်။ အဲဒါနဲ့ပတ်သက်ပြီး စစ်ကား ၄ စီးနဲ့ ပစ်ခတ်မှုဖြစ်တဲ့ နေရာအလာမှာ စောင့်ပြီးမိုင်းခွဲလိုက်တာပဲ။ ၈ လုံးတတွဲ ၄ လုံးတတွဲ နှစ်တွဲခွဲတာ ကားနှစ်စီးအပြင်းအထန် ထိခိုက်သွားတယ်။”

ထိခိုက် သူတွေကို ခင်ဦးမြို့နယ် လူမှုကူညီရေးကားတွေနဲ့ သယ်ဆောင်နေကာ ထိခိုက်သေဆုံးမှုများနိုင်ပြီး ဘယ်လောက်သေဆုံးတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ် ​မုံရွာ-ယာကြီး-က​လေးဝ ကားလမ်းပိုင်း ကွေ့​ချောင်း​ကျေးရွာအ​နောက်ဘက် ​ရေ​ကျော်တံတား ၁ ခုကိုလည်း ​အောက်တိုဘာ ၁၂ ရက် ည ၇ နာရီလောက်မှာ ဒေသခံ PDF အဖွဲ့​က မိုင်းခွဲဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။

တံတားပျက်စီးသွားမှု​ကြောင့် လက်ရှိအချိန်မှာ ကားတွေ ဖြတ်သန်းသွားလာလို့ မရ​တော့ကြောင်း၊ အခုလိုလုပ်​ဆောင်တာဟာ စစ်​ကောင်စီကား​တွေ ကူးသန်းသွားလာလို့မရ​အောင် ​ဖောက်ခွဲ ဖျက်ဆီးပစ်တာ ဖြစ်နိုင်​တယ်လို့  ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

အဲဒီလမ်းပိုင်းဟာ အိန္ဒိယနိုင်ငံဘက်ထိ သွားလာလို့ရ​အောင် ဆက်သွယ်​ဖောက်လုပ်ထားတဲ့ လမ်းပိုင်းဖြစ်သလို ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်တို့ဆီကို အလွယ်တကူသွားလာနိုင်တဲ့ လမ်းပိုင်းတစ်ခု ဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s