စစ်ကိုင်းတိုင်းတွင် ရဲ၏ ယောက္ခထီး ၊ ကြံ့ဖွတ်ပါတီဝင် ၂ ဦး၊ သတင်းပေးဟု သတ်မှတ်ခံထားရသူ ၃ ဦး ၊ ပျူစောထီး ၁ ဦး၊ ညောင်ဦးတွင် အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး စုစုပေါင်း ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်၊ မုံရွာ၊ ချောင်းဦး၊ ရေဦးနှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူများ၊ ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ယောက္ခထီးဖြစ်သူ၊ ကြံဖွတ်ပါတီဝင်များ စုစုပေါင်း ၉ ဦး သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်

=========================

ယနေ့နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ်အချိန် တန့်ဆည်မြို့နယ်၊ ကဘဲရွာမှ ဘေရင်းတမံလမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ယောက္ခထီးဖြစ်သူ မြင့်ငွေ၊ ကြံ့ဖွတ်ပါတီဝင် အောင်ဆွေနှင့်သားဖြစ်သူ ဖိုးချင်းတို့ ပစ်ခတ်ခံရပြီး မြင့်ငွေနှင့်အောင်ဆွေမှာ ပွဲချင်းပြီး သေဆုံးသွားသည်။ ဖိုးချင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ဆေးရုံတင်ပို့ကုသနေသော်လည်း သေဆုံးဖွယ်ရာ များပြားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်

======================

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ညောင်နီကန်အုပ်စု ဝက်ဖြူ ကျေးရွာ မှ အမျိုး သမီး ၂ ဦးဖြစ်သည့် မချိုချိုဝင်းနှင့်မဌေးလင်းတို့ကို အောက်တိုဘာ လ ၁၂ ရက်နေ့ ည ၉ နာရီခန့်အချိန် ပစ်ခတ်သဖြတ်သွားကြောင်း သိရှိရသည်။ လက်ရှိအချိန်အထိ ညောင်နီကန်ရွာ အရှေ့ဖက် ဇရပ်တွင် အ လောင်းများရှိနေကြောင်း ၊ အသတ်ခံရသည့် မချိုချိုဝင်းသည် မကြာသေးမီက အသတ်ခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသောင်းဌေး ( ညောင်နီကန်ကျေ းရွာအုပ်စု၊ ကြံ့ဖွတ် စည်းရုံးရေးမှူး ) ၏ ညီမ အရင်းဖြစ်ကြောင်း၊ မချိုချိဝင်းနှင့် မဌေးလင်းတို့သည် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ထားသူများဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်

=========================

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ် ၊ ရွှေကန်ဖြူရွာအုပ်ချုပ်ရေးမှူး လှတိုးနှင့် သားဖြစ်သူတို့ အောက်တိုဘာ ၁၂ရက် ညပိုင်းတွင် အမည်မသိ လူတချို့က သေနတ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၊ အဆိုပါ ပစ်ခတ်မှုကို နှလုံးလှလူမိုက်ကြီးအဖွဲ့နှင့် MGN Tigerအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်

===========================

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မထိသာကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် တင်ဌေးကို အောက် တိုဘာလ ၉ ရက်နေ့တွင် 27 Revolution Force ၏ STF က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်

========================

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ၊စက်မှုဇုန်ရပ် အေးရိပ်သာလမ်းပေါ်ရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးအမည်ပေါက်ကျော်ကြားနေသူ ကောင်းလျှံ ကွမ်း ယာဆိုင်ပိုင်ရှင် အောင်စီကို ယနေ့ နံနက်၁၁နာရီဝန်းကျင်အချိန် PDF-South Monywaနှင့် မိုးကြိုးအဖွဲ့သားများက သေ နတ်ဖြင့် ၅ ချက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s