စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက နိုင်ငံတစ်ဝန်း အရှိန်အမြှင့်တိုက် ခိုက်၊ စစ်သားများ သေဆုံးထိခိုက်မှုရှိသည့်အ ပြင် သံချပ်ကာကားပါ ပျက်စီးသည်အထိ မိုင်းခွဲတိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြည်သူများက ခုခံတော်လှန်စစ်သည် အောက်တိုဘာလ ၁၂ ရက်နေ့ တွင်လည်း အရှိန်မြင့်တက်ခဲ့ပြီး သံချပ်ကာကားပါပျက်စီးသည်အထိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူများ၏ ခုခံတိုက်ခိုက်မှုကြောင့် မင်းအောင်လှိုင်တပ်မှ စစ်သားအသေအပျောက် များပြားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်

=======================

အောက်တိုဘာ(၁၂) ယနေ့နံနက် ၄ နာရီ ၅ မိနစ်အချိန် ယမန်နေ့ ကျောဘက်မှထွက်လာတဲ့ စစ်ကောင်စီ စစ်ကား၂၇စီးယာဥ်တန်းကို ဦးနှောက်ရွာနှင့် သပြေကုန်းရွာအကြား ပုလဲပြည်သူ့ကာကွယ်ရေး​ဗိုလ်ကျားလေးတို့ အဖွဲ့က ပဒေသာမိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကား ၇ စီး ထိခိုက်ပြီး ၄ စီးမီးလောင် ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်

=========================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်များကို ယနေ့ နံနက်ပိုင်း အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု(ARA)က နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅နာရီခွဲ၊ အရာတော်ဘက်ကလာသည့် စစ်ကောင်စီရဲအရာရှိပါသည့်ကားတစ်စီးနှင့်ဆိုင်ကယ်များကို ပါရမီနှင့် ကြာပင်လှအကြား မိုင်းခွဲခဲ့ကြောင်း၊ နံနက် ၇ နာရီဝန်းကျင် ဒိုင်နာကား၊ သုံးဘီးများနှင့် ထပ်မံ လာသည့် စစ်ကောင်စီတပ်ကို ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ဒိုင်နာကားပေါ်မှ စစ်သားအချို့ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်

==========================

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် တရားရုံးတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်

========================

မွန်ပြည်နယ် ကျိုက်ထိုမြို့၌ ယနေ့ အောက်တိုဘာလ ၁၂ ရက် နေ့ နံနက် ၁၁ နာရီ၂၀ မိနစ်အချိန်တွင် ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား Kyaikhto Revolution Force (KRF)က ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ခွေး ၁၃ ကောင် သေဆုံးပြီး ၃ ကောင် ပြင်းထန်ဒဏ်ရာရရှိကြောင်း KRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်

===========================

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ်တွင် ယနေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန် မြို့နယ်စည်ပင်ရုံး ဗုံးပေါက်ကွဲပြီး သေနတ်သံများ ထွက်ပေါ်လာကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ရေဦးလမ်း

=======================

စစ်ကိုင်းတိုင်း၊ မုံရွာ ရေဦးလမ်း ကြီး၊ ဗဒုံကွေ့တွင် ယနေ့ သံချပ်ကာကားတစ်စီး မိုင်းခွဲခံရပြီး ပျက်စီးသွားကြောင်း၊ ယနေ့ နေ့လည် တစ်နာရီခွဲအချိန်တွင် ဒီပဲယင်းဘက်မှ ပြန်လာသော သံချပ်ကာကား ၂ စီး၊ ကားကြီး၃စီးပါ စစ်ကော်ငစီယာဥ်တန်းကို သံချပ်ကာကား ဘီးကျွတ်ထွက်သွားသည်အထိ မိုင်း ဖောက်ခွဲ တိုက်ခိက်နိုင်ခဲ့ကြောင်းသိရသည်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်

========================

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် ဒေသခံ ကာကွယ်ရေး PSTF တပ်က ယနေ့တွင် အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်

==================

ယနေ့ည ၉နာရီခန့်တွင် ရေစကြိုမြို့နယ်၊ ကြီးကံအုပ်စုကြီးကံရွာတွင်ရှိသော အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရေစကြို – PDF ထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s