တမူးမြို့မဈေး ပြန်လည်ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ မြို့မဈေးသည် ဇွန်လ ၃ ရက်က စ၍ ပိတ်ထားခဲ့ရာမှ ယမန်နေ့ (အောက်တိုဘာလ ၁၂ရက်)က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“မနက်ပိုင်းလောက်ပဲဖွင့်တာပါ။ အဓိက စားကုန်သောက်ကုန်လောက်ပဲရောင်းတာ၊ လူ‌တော့ သိပ်မစည်ပါဘူး” ဟု တမူးမြို့ခံတစ်ဦးမှ ပြော သည်။ တမူး‌ဈေးပိတ်ထားချိန်က ဈေးသည်အချို့သည် အိန္ဒိယနိုင်ငံ မိုးရေးမြို့ဘက်သို့ တရားမဝင်သွားရောက်ပြီး စားသောက်ကုန်များကို ရောင်းချကြရ၍ ဈေးသည်တချို့မှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

အိန္ဒိယ မြန်မာနယ်စပ်ရှိ နန်းဖာလုံဈေးသည်လည်း COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် ကာလကတည်းက ဈေးပိတ်ထားရာ ယခုထက်တိုင်ပိတ်ထားသည်ဟု သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s