နွားထိုးကြီးမြို့တွင် ဗုံးပေါက်ကွဲပြီး ဗိုလ်ကြီး ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ အောက်တိုဘာ ၁၃ ရက် မနက် ၈ နာရီက ဗုံးတစ်လုံး ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး  သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီလောက်က အမှတ် ၅  ရပ်ကွက် ဘူတာလမ်းဆုံနားက နေအိမ်တစ်အိမ်ရှေ့မှာ ဗုံးတင်ထားတာတွေ့လို့ လုံခြုံရေးကို အ ကြောင်းကြားတာ။ ဗုံးရှင်းဖို့ စစ်ကောင်စီ လုံခြုံရေးတွေ ရောက်လာပြီး ရှင်းလင်းနေစဥ်မှာပဲ ပေါက်ကွဲသွားတာကြောင့် စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့တာ” လို့ မြိုခံ တစ်ယောက်က ပြောပါတယ်။

နွားထိုးကြီးမှာ အောက်တိုဘာ ၁၂ ရက်က မနက်ကလည်း တရားရုံးအနီးမှာ ဗုံးပေါက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက်မှာ ရက်ဆက် ထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။

၂ ရက်တာ ဗုံးပေါက်ကွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး  သေဆုံးသွားတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s