နွားထိုးကြီးမြို့နယ် တရားရုံး ဗုံးကွဲ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် တရားရုံးမှာ အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာ ရရှိသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ဗုံးက မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က ပေါက်တာ။ အုန်းကနဲ အသံအကျယ်ကြီးပဲ။ မကြာဘူး နောက် နာရီဝက်လောက်နေတော့ တစ်လုံးထပ်ပေါက်တာ။ ဗုံး ၂ လုံးပေါက်တာ။ တရားရုံးမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရသွားတယ်။ ဘယ်အဖွဲ့က လုပ်တယ်တော့ မသိရသေးဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။

နွားထိုးကြီးမှာ မြိုနယ် အုပ်ချုပ်ရေးမှုးရုံးနဲ့ မြို့နယ်ပညာရေးမှုးရုံး၊ ကမ္ဘောဇဘဏ်ခွဲတို့ ဗုံးပေါက်ကွဲခဲ့ပြီး လမကြာခင် မြို့နယ်တရားရုံး ဗုံးပေါက်တာလို့ ဆိုပါတယ်။

နွားထိုးကြီး PDF က အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်းကစပြီး ရုံးမတက်ကြဖို့ စည်ပင်သာယာရေးအဖွဲ့နဲ့ လျှပ်စစ်ရုံး၊ ငွေချေးအသင်းတွေကို သတိပေးထားတာရှိတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s