ပုလဲမြို့တွင် ကား၂၇စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ အများအပြားသေ ဆုံး

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာနှင့်သပြေကုန်းရွာကြားတွင် ကား ၂၇ စီးပါ စစ်ကောင်စီယာဉ်တန်းအား ပုလဲပြည်သူကာကွယ်ရေးတပ်ဖွဲ့(ပုလဲ PDF)နှင့် ဗိုလ်ကျားလေးအဖွဲ့တို့ ပူးပေါင်းတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၁၂ရက် နံနက် အစောပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း Pale PDF-Headquarters တာဝန်ရှိသူက ပြောသည်။

အဆိုပါယာဉ်တန်းသည် ယမန်နေ့( အောက်တိုဘာ ၁၁ရက်)တွင် ဂန့်ဂေါခရိုင် ကျောမြို့ဘက်မှ ထွက်ခွာလာကြောင်း သိရသဖြင့် ယနေ့ နံနက် ၄ နာရီတွင် မိုင်း ၁၅ လုံးဆင်ကာ ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“သူတို့လာမယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ရထားတယ်။ ဂန့်ဂေါဘက်က မနေ့က ည ၉ နာရီဝန်းကျင်လောက်က ထွက်လာတာဖြစ်မယ်။ သ ပြေကုန်းရွာနဲ့ ဦးနှောက်ရွာနားကို ဒီမနက် ၄ နာရီ ဝန်းကျင်လောက်မှာရောက်လာတယ် ။ အဲဒီမှာ ဗိုလ်ကျားလေးတို့က သူတို့ ဆင်ထားတဲ့မိုင်း ကို အချိန်ကိုက်ခွဲလိုက်တာ စစ်ကောင်စီကား ခုနှစ်စီးလောက်ထိတယ်။ ကြီးကြီးမားမားပျက်စီးတာကတော့ လေးစီးရှိတယ်။ စစ်ကောင်စီတပ် သားတွေလည်း အယောက် ၂၀ လောက်သေတယ်။ သူတို့က ပျက်စီးသွားတဲ့ကားတွေကို မဖြစ်မနေ ပြန်ဆွဲသွားကြတယ်” ဟု Pale PDF-Headquarters တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယင်းဖောက်ခွဲမှုအပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိသော်လည်း ဗိုလ်ကျားလေးတို့အဖွဲ့မှာ ခြုံခိုတိုက်ခိုက်ပြီးသည်နှင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၁ရက် နံနက် ၈ နာရီ ခန့်ကလည်း ကျောမြို့ဘက်မှ ပုလဲမြို့နယ်ဘက်သို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပုလဲ-ဂန့်ဂေါ လမ်း ၅၁ မိုင် နှင့် ၅၂ မိုင်ကြားအရောက်တွင် ပုလဲ-PDF၏ ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ယင်းအပြင် စစ်ကောင်စီခြေလျင်တပ်အား ၎င်းတို့တပ်ဖြန့်လာသည့် လမ်းတစ်လျှောက်တွင်လည်း ပုလဲ-PDF၏ ပြောက်ကျားတပ်ဖွဲ့က သုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ပုလဲ-PDF ထံကသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s