မော်လမြိုင်မြို့က (၆) မိုင် စစ်ဆေးရေးဂိတ် လက်ပစ်ဗုံးဖြင့် ပစ်ခံရ

မော်လမြိုင်မြို့ ၊ သွေးသောက်ရပ်ကွက်ရှိ (၆ )မိုင် စစ်ဆေးရေးဂိတ်သည် ယနေ့(အောက်တိုဘာလ ၁၃ရက်) ညနေ ၆နာရီ ဝန်းကျင်က လက် ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မော်လမြိုင် သွေးသောက် (၆)မိုင် စစ်ဆေးဂိတ်မှာပါဗျ။ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာပါ။ လူနာတင်ယာဉ် သုံးစီးတောင်သွားတာဆိုတော့ အ ထိအခိုက်များမယ်တော့ ထင်တယ်ဗျ” ဟု MPDF-V မှအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယင်းဖြစ်စဉ်ကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး (MPDF-V)၊ မော်လမြိုင် မြေအောက်ကာကွယ်ရေး တပ်ဖွဲ့ (MUDF)နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ မော်လမြိုင် (PDO-MLM)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သူဦးရေကို စုံစမ်းနေဆဲဖြစ်ကြောင်း MPDF-V အဖွဲ့ တာဝန်ရှိသူကပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s