မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်ကြား ဇီးပြားရဲ ကင်းစခန်းကို PDF က ဝင်တိုက်ပြီး မီးရှို့၊ ရဲ ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အကြားရှိ ဇီးပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီတွင် ဝင်တိုက်ပြီး မီးရှို့ခဲ့ကာ ရဲ ၂ ဦးသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများပြားနိုင်ကြောင်း မြိုင် PDF က ပြောသည်။

“Myaing PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့ ၁၂ အောက်တိုဘာ ည ၉ နာရီခန့် မှ ၁၀ နာရီအထိ အချိန် ၁နာရီခန့် ပေါက်မြို့နယ် နှင့် မြိုင်နယ်ကြားရှိ ဇီးပြားရဲစခန်း အား ဝင်ရောက် ပစ်ခတ်ခဲ့ပါသည်။ စစ်ကောင်စီ မှ ရဲ ၂ ဦးခန့် သေဆုံးပြီး အထိအခိုက်များရှိသည်ဟု ခန့်မှန်းရပါသည်။

ရဲများ စခန်းကို စွန့်ခွာကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ပြန်လည်ပစ်ခတ်သောကြောင့် စခန်းအား မီးရှို့နေရင်း အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့သည်” ဟု မြိုင်PDF က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကိုင်း၊မုံရွာမြို့နယ် အပါအဝင် တိုင်းဒေသကြီး များတွင် ရဲကင်းစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s