မြို့သစ်မြို့နယ်က ခြင်ကိုက်ကုန်းရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ လင်းလည်ကျေးရွာအုပ်စု၊ ခြင်ကိုက်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက် ည ၂ နာရီဝန်းကျင်က ဝင်ရောက်စီးနင်းရှာဖွေပြီး ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

တိမ်းရှောင်ထွက်ပြေးသွားတဲ့ ဒေသခံတဦးက “ညကြီးအချိန်မတော် ရောက်လာကြတာ။ ဘာကြောင့် ရောက်လာကြတာလဲ မပြောတတ်ဘူး။ ရွာက ဒလန်က မမှန်မကန်သတင်းပေးတာပဲ နေမှာပါ။ ရွာနာတာပေါ့။ လူငယ်နဲ့ လူလတ်ပိုင်းတချို့ကတော့ အဖမ်းခံရမှာစိုးလို့ ထွက်ပြေးကြတာကို လိုက်ပစ်ကြတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ကျည်ထိမှန်ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

“ရွာက အိမ် ၅ လုံးလောက်ကိုလည်း ဖျက်ဆီးတယ်။ အိမ်တွေပေါ် ဇွတ်အတင်းတက်ပြီး ပိုက်ဆံနဲ့ ရွှေတွေကို ယူသွားတယ်။ နွားနဲ့ ဝက်တွေကိုလည်း ဆွဲသွားပြီး ရွာကပြည်သူ ၁၀ ယောက်လောက်ကိုလည်း ဖမ်းထားတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။

ခြင်ကိုက်ကုန်းကျေးရွာဟာ တောင်တွင်းကြီး-မြို့သစ်ကားလမ်းပေါ်ကနေ ဆားတဲကျေးရွာကို ဖြတ်သန်းသွားရောက်ရတာဖြစ်ပြီး ဆားတဲကျေး ရွာက ပြည်သူ ၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ခြင်ကိုက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲနေပြီး ကျေးရွာကဒေသခံတွေ ဖမ်းဆီးနှိပ်စက်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s