ရာထူးမှထုတ်ခံရသည့် ညောင်လေးပင် ဆရာ/ဆရာများ အယူခံမဝင်ဘဲ CDM ဆက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်​မြို့နယ်မှာ ရာထူးက  ထုတ်ပယ်ခံရတဲ့ ကျောင်းဆရာ/ဆရာမ တွေကို အယူခံဝင်​ပြီး လုပ်ငန်းခွင်​ပြန်ဝင်ဖို့ မြို့နယ်ပညာရေးဦးစီးမှူးဌာနက ခေါ်ယူနေ​ပေမယ့် အယူခံဝင်မယ့်သူ မရှိ​သေးဘူးလို့  CDM ​​ကျောင်းဆရာ/ဆရာမ တွေက ပြောပါတယ်။

ရထူးကထုတ်ပယ်ခံရပြီ အယူခံပြန်ဝင်မယ့် ကျောင်းဆရာ/ဆရာမ တွေအနေနဲ့ ပတ်စပို့ ဓာတ်ပုံ တစ်ပုံ နဲ့အတူ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာတွေနဲ့အတူ ဒီကနေ့ မနက် ၁၁ နာရီ နောက်ဆုံးထားပြီ မြို့နယ်ပညာရေးမှူးရုံးကို လာရောက်ရမယ်ဆို​ပြီး ​ခေါ်ယူခဲ့တာလို့ CDM ကျောင်း ဆရာတစ်ဦးက ပြောပါတယ်။

“ရှစ်လကျော်လာတဲ့အထိ အငတ်ငတ်အပြတ်ပြတ်နဲ့ ဒုက္ခတွေခံလာခဲ့ပြီးကာမှ ခုအချိန်မှာ ပျားရည်နဲ့ ဝမ်းချတာမျိုးကို လက်မခံနိုင်သလို ဆ ရာ/ဆရာမ စိတ်ဓာတ်တွေဟာ ​ကြာ​လေ​ကြာ​လေ ခိုင်​မြဲ​လေတာ​​​ဖြစ်တာ​​ကြောင့် အယူခံ​ပြန်ဝင်မှာ မဟုတ်ဘူး။” 

CDM လုပ်ခဲ့တဲ့ သူတွေအနေနဲ့ ပြီးဆုံးတဲ့အထိလုပ်ဖို့ ဆုံး​ဖြတ်​ခဲ့တာကြောင့် နည်းမျိုးစုံနဲ့ သူတို့ ဘက်က ဘယ်လိုခေါ်​ခေါ်ပြန်ဝင်ဖို့ဆိုတာ စိတ်ထဲမရှိကြတော့သလို တချို့ ဆရာ/ဆရာမ တွေအနေနဲ့ ဒုက္ခဆင်းရဲခံကာ အသေခံသွားမယ်ဆိုပြီး ဆုံးဖြတ်ထားကြတယ်လို့ ဆိုပါတယ်။

“ခုအချိန်ထိတော့ အယူခံပြန်ဝင်တာ တစ်ယောက်၊ နှစ်ယောက်လောက်တော့ ကြားတယ်။ ဒါလည်း ခုအချိန်ထိတော့ မသေချာသေးဘူး၊ ကျနော်တို့ လိုက်စုံစမ်းကြည့်တာ၊ နီးစပ်ရာ ဆရာ/ဆရာမတွေကို မေးကြည့်တာတော့ အယူခံပြန်မဝင်ကြဘူးလို့ သိရတယ်” ကျောင်းဆရာက ဆက်ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်ပြီးကတည်းက CDM ကျောင်းဆရာ/ဆရာမ တစ်ထောင်ကျော်ရှိခဲ့ပေမယ့် ခုလက်ရှိမှာ CDM ကျောင်းဆရာ/ဆရာမ ၃၉၀ ကျော်ကျန်ရှိနေတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s