ရေစကြိုမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် စစ်ကား ၂ စီးကို PDF မဟာ မိတ် ၁၀ ဖွဲ့က မိုင်းခွဲ၊ စစ်သား ၁ ဦး ခေါင်းပွင့် သေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် စစ်ကား ၂ စီးကို ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲတွင် PDF မ ဟာမိတ် ၁၀ ဖွဲ့က က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၁ ဦး ဦးခေါင်းပွင့် သေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း PDF မဟာမိတ်အဖွဲ့များထံမှ သိရှိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ (၁၃)ရက်၊ နံနက် (၈)နာရီ ခွဲခန့်တွင် ရွှေချောင်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်သားများစီးနင်းလာသော စစ်ကား (၂ )စီးအား People Defense Force Yesagyo ၊ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Monywa People Defence Force – MPDF၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊PDF – Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊ နှင့်စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG) တို့ မဟာမိတ်တပ်ဖွဲ့(၁၀) ဖွဲ့တို့ ပူးပေါင်းပြီးမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားပြီးတပ်သား ၁ ဦး နေရာတွင် ခေါင်းပွင့်သေဆုံးသွားကြောင်း၊ စစ်သား ၄ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရပါသည်။အဆိုပါတိုက်ခိုက်မှုတွင် မဟာမိတ်တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံ တစ်ရာ မရှိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s