ရေဦးမြို့နယ်၊ ဝက်ဖြူရွာက စစ်တပ်သတင်း ပေးလမ်းပြ အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ညောင်နီကန်အုပ်စု  ဝက်ဖြူကျေးရွာက စစ်ကောင်စီတပ်တွေကို သတင်းပေးလမ်းပြလုပ်ပေးခဲ့တဲ့ အမျိုးသမီး ၂  ဦးကို အောက်တိုဘာလ ၁၂ ရက်က အသတ်ခံခဲ့ရပါတယ်။

အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ဝက်ဖြူကျေးရွာက မချိုချိုဝင်းနဲ့မဌေးလင်းတို့ဖြစ်ပြီး မနေ့ည ၉ နာရီ လောက်က အမည်မသိအဖွဲ့အစည်းတခုက သူတို့ရဲ့နေအိမ်တွေကနေ ခေါ်ဆောင်သွားကာ ညောင်နီကန် အရှေ့ဘက် ဇရပ်တခုမှာ ဓားနဲ့ ခုတ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဝက်ဖြူရွာကို စက်တင်ဘာလတုန်းက စစ်ကြောင်းဝင်သေးတယ်။ နေအိမ် ၅ လုံး ဖျက်ဆီးခံရတယ်။ ရွာသား ၄ ဦး အဖမ်းခံရတယ်။ အခုချိန်အထိ ပြန်မလွတ်သေးဘူး ထောင်ကျ သွားတယ်ပြောတယ်။ အဲဒီစစ်ကြောင်းဝင်တုန်းက သူတို့နှစ်ယောက်က လမ်းပြလုပ်တယ်။ လက်ညှိုးထိုးဖမ်းခိုင်းသလိုပေါ့ဗျာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ‌ဩဂုတ်လပိုင်းက ကာဘိုး NLD စည်းရုံးရေးလူငယ်တွေကို ရိုက်နှက်သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့တဲ့ ခရိုင်ပျူစောထီးခေါင်းဆောင်လို့ နာမည်ကြီးသူ ဦးသောင်းဌေးရဲ့  ညီမအရင်းနဲ့ တဝမ်းကွဲညီမတို့ဖြစ်တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့စစ်တပ်သတင်းပေး ဒလန် ပျူစောထီး လို့နာမည်ကြီးသူ ၉ ဦး လောက် အသတ်ခံထားရတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s