Monthly Archives: Oct 2021

KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်တွင် လေးရက်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ် အပါအဝင် ၁၁ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်၊ ကော့ရိတ်မြို့နယ်တွင် အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့သည်ဟု ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းတွင် ခမရ( ၅၅၆) တပ်ရင်းမှ အင်အား ၅၀ ခန့်သည် ရွာသစ်ကျေးရွာသို့ ဝင်လာခြင်းကြောင့် KNLA နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးသေကာ၊ သုံးဦးဒဏ်ရာရသွားပြီး အဆိုပါ လေးဦးထဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးပါဝင်ကြောင်း သိရသည်။အောက်တိုဘာ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ခမရ (၅၅၆) တပ်ရင်းမှ အင်အား ၇၀ ခန့်သည် မောင်းဟိုကျေးရွာသို့အသွား KNLA တပ်ရင်း (၁၈) နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်မှ နှစ်ဦးသေကာ ခုနှစ်ဦးဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနေ့ ညနေပိုင်းတွင် စစ်ကောင်စီ ခမရ( ၅၅၆) တပ်ရင်းမှ ဒဏ်ရာရသူများကိုပို့ဆောင်ရန် ကော့နွဲ့ကျေးရွာမှ ထွက်ခွာစဉ် KNLA တပ်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် မနက်ပိုင်းတွင် နယ်မြေကျော်လွန်လာသည့် စစ်အုပ်စု လက်အောက်ခံ ခမရ(၅၅၆ )တပ်ဖွဲ့သည် မှိုင်းအဟောင်းကို နင်းမိခြင်းကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု KNU ကဆိုသည်။ထို့ကြောင့်လေးရက်တာ ကာလအတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၉ ရက်တွင် တတာကူးကျေး ရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။mizzima

ရန်ကုန်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် ရန်ကုန်-ရေး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတားမှာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဗုံးခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးခွဲခံရပြီးနောက် တံတားပေါ်မှာ ထိခိုက်ပျက်စီးသွားခဲ့တာကြောင့် တန်ချိန်များတဲ့  ကုန်တင်ယာဉ်ကားကြီးတွေ လက်ရှိ  ဖြတ်သန်းမရသလို  လူထိခိုက်မှုရှိတာကိုတော့ မကြားရသေးပါဘူးလို့  ဒေသခံတွေက ပြောပါတယ်။

ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီး‌တဲ့နောက်မှာ  စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ပက်သက်ပြီး ရေး  PDF က ထုတ်ပြန်ပြောဆိုထားခြင်း မရှိ သေးပေမဲ့ ပြီးခဲ့တဲ့ရက်က အဆိုပါ တံတားအနီးနားကနယ်မြေခံ အမြောက်တပ်ရင်းကို ရေး PDF က ဗုံးခွဲတိုက်ခိုက်ရာတွင် တပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ထားပါတယ်။DVB

မင်းအောင်လှိုင်နှင့်စစ်တပ်ခေါင်းဆောင်များကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ တာဝန်မှ ရပ် စဲကြောင်း ကြေညာ

နိုင်ငံတော်ပုန်ကန်မှု ကျုးလွန်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် စစ်တပ်ခေါင်းဆောင်များကိုအောက် တိုဘာလ ၁၃ ရက်နေ့ တာဝန်မှ ရပ်စဲကြောင်း ပြည်သူ့စစ်သားများနှင့်အရာရှိများက ထုတ်ပြန် ကြေညာသည်။khit thit

ရေဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ရွာနဲ့ မူးဆုံရွာကြား မုံရွာ-ရေဦး လမ်းမပေါ်မှာ  အောက်တိုဘာလ ၁၃ ရက် နေ့လယ် ၂ နာရီလောက် ဒလန် ၂ ဦး အလောင်းသွားသယ်တဲ့ စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်က ဝက်ဖြူက အမျိုးသမီးနှစ်ယောက် အလောင်းသွားသယ်တာ၊ အသွားတုန်းက မြို့နယ်တွင်းလမ်းက သွားပြီး၊ အလောင်းကောက်ပြီးအပြန်ကျ ဒီပဲယင်းမြို့ကပတ်ပြီး မုံရွာ-ရေဦးလမ်းအတိုင်းပြန်လာတာ၊ မစိုးရိမ်ရွာနဲ့မူဆုံကြားရောက်တော့ လမ်းမပေါ်မှာပဲ မိုင်းဆွဲတိုက်ခိုက်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော မိုင်းကွဲတာနဲ့ ပတ်သက်ပြီး မစိုးရိမ်ကျေးရွာကို စစ်တပ်က ဝင်ရောက်မွှေနှောက်ဖမ်းဆီး ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။DVB

အာဆီယံအထူးသံတမန် တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်ရန် မင်းအောင်လှိုင်စစ်ကောင်စီအနေဖြင့် ဆောင် ရွက်ပေးရမည်ဟု ဥရောပသမဂ္ဂထုတ်ပြန်

အာဆီယံအထူးသံတမန် အီရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ကြည့်ရှုရာ၌ အဆင်ပြေအောင် စစ်တပ်အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ၎င်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့်လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။


မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တောင်းဆိုထားသည်။


အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) သည် ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကို စတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ရန်အလို့ငှာ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေလျက်ရှိသော အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအနေဖြင့် အထူးပြောကြားလိုသည်ဟု ရေးသားထားသည်။


ဥရောပသမဂ္ဂသည် အများပြည်သူသေကျေပျက်စီးမှုများနှင့် နေရပ်စွန့်ခွာမှုများကိုပေါ်ပေါက်စေသည့် လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ တပ်ဖြန့်ထားမှုနှင့် တိုက်ပွဲများတိုးပွားလာမှုတို့အပေါ် အလွန် အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိရန်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို ထပ်လောင်းတောင်းဆိုထားသည်။


ဥရောပသမဂ္ဂသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေး အရေးပေါ်အကူအညီများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူများနှင့်အညီ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဘေးကင်းလုံခြုံမှုရှိစေရန်အပြင် နေရပ်စွန့်ခွာသူများနှင့် လိုအပ်ချက်ရှိသူများအားလုံးထံ အကူအညီများ ဘေးကင်းမြန်ဆန်၍ အဆီးအတားမဲ့စွာ လက်လှမ်းမီရောက်ရှိအောင်ဆောင်ရွက်ပေးရန် စစ်တပ်အာဏာပိုင်များကို တိုက်တွန်းထားသည်။


EU သည် အဆိုပါအကူအညီများကိုပေးအပ်ရာ၌ လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံးအပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ဆိုသည်။khit thit

ပေါက်မြို့နယ် ဇီးပြားရဲစခန်း တိုက်ခိုက်ခံရ၊ ရဲ ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို အောက်တိုဘာ ၁၂ ရက်ညက မြိုင်နဲ့ပေါက် PDF  နှစ်ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF က ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားမှာရှိတဲ့ ဇီပြားရဲစခန်းကို မနေ့က ည ၉နာရီလောက်က မြိုင် PDF နဲ့ ပေါက်မြောက်ပိုင်း PDF တပ်ဖွဲ့တို့ ပူး ပေါင်း ပြီး ဝင်ရောက်တိုက်ခိုက်ရာ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲ ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ဇီးပြားရဲစခန်းက ရဲတွေဟာ ရဲစခန်းကို စွန့်ခွာပြီးတော့ အနီးနားတောင်ကုန်းကနေ ပြန်လည် ပစ်ခတ်ပေမဲ့ ညီနောင်PDF တပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာမရှိဘဲ ရဲစခန်းကို မီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။DVB

ကော့ကရိတ်မြို့နယ်တွင် KNLAနှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲ ဖြစ်ပွား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်( KNLA )နှင့် အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၅၆) တို့အကြား ယနေ့ အောက်တို ဘာလ ၁၃ ရက်နေ့လည် ၁၁နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ “ မနက် ၁၀နာရီ မိနစ် ၅၀ ကစဖြစ်တဲ့ တိုက်ပွဲအပြီးမှာ လေယာဉ်သံလည်း ကြားရတယ်။

နေ့လည်ကတော့ လက်နက် ကြီးသံ သုံးလေးချက်တော့ ကြားတယ်။ ညနေ နှစ်နာရီကျော်လောက်မှာလည်း လက်နက်ကြီးသံ တစ်ချက် နှစ်ချက်တော့ကြားတယ် ” ဟု ကော့ကရိတ်မြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ တိုက်ပွဲတွင် KNLA နှင့် စစ်ကောင်စီဘက်မှ တစ်ယောက်စီ ကျဆုံး‌‌ကြောင်း သတင်းကြားရသည်ဟုလည်း ၎င်းကဆိုသည်။

ကော့ကရိတ်မြို့ ၊ လှိုင်ဝဘုရားကုန်း‌ပေါ်ရှိ စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် နယ်မြေခံ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ (KNLAနှင့် DKBA ခွဲထွက်) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေ သအခြေစိုက် KIC သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

လတ်တလောတွင် ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း ညဉ့်အချိန် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ “လက်ရှိ အခုတော့မကြားရတော့ဘူး။ အခြေအနေတော့ စောင့်ကြည့်နေရတယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ ညပိုင်းမှာ ဖြစ်လာမှာကို စိုးရိမ်ရတယ်” ဟု တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၂ ရက်) ကလည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ရွာသစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့ ပျက်စီးခဲ့သည်။ ယင်းအပြင် အောက်တိုဘာလ ၁၁ ရက်ကလည်း ကော့ကရိတ်မြို့ နယ် ကော့နွဲရွာ အနီးတွင် KNLA နှင့် ယခုတိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီ၏ ခြေမြန်တပ်တို့အကြား တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦးသေဆုံးပြီး ၁၂ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။mizzima

ပြည်မြို့က Mytel တာဝါတိုင်နှစ်တိုင် ဖောက် ခွဲခံရ၊ လာစစ်ဆေးသည်ကား ဗုံးဖြင့်ထပ်ပစ်ခံရ

ပဲခူးတိုင်း ပြည်​မြို့  နဝင်းရပ်ကွက် ရတနာလမ်းအတွင်းမှာရှိတဲ့ Mytel ​တာဝါတိုင်နှစ်တိုင်  အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ဖောက်ခွဲခံရပြီးနောက် တာဝါတိုင်ကို လာကြည့်တဲ့ကားပါ လက်လုပ်ဗုံးနဲ့အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

ဒေသခံတစ်ဦးက “တာဝါတိုင်ကွဲတာ အသံတော်တော်ကျယ်တယ်၊ အိမ်တွေတောင်တုန်တယ်။ တာဝါတိုင်က ဘာမှကို လုပ်မရတော့ဘူး။ ခုထိ Mytel လိုင်းတွေလည်း မရတော့ဘူး” လို့ ပြောပါတယ်။

Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် မနက် ၈ နာရီဝန်းကျင်လောက်မှာ လာရောက်စစ်ဆေးတဲ့ စစ်သားတွေလိုက်ပါလာတဲ့ အန်စာတုံးကားတစီး လက်ပစ်ဗုံးနဲ့ ထပ်မံအပစ်ခံရတယ်လို့ ဒေသခံက ဆိုပါတယ်။

“လက်လုပ်ဗုံးနဲ့ပစ်တာက လူမထိသွားဘူး၊ ကားဘော်ဒီကိုပဲ ထိသွားတယ်၊ လူကတော့ ဘာမှဖြစ်သံမကြားဘူး။” 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မနက်ခင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီပိုင် Mytel တာဝါတိုင်နှစ်တိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် ဒီညနေအထိ ပြည်မြို့မှာ Mytel အင်တာနက် သုံးမရသေးဘူးလို့ သိရပါတယ်။DVB

« Older Entries Recent Entries »