စစ်ဖြစ်လာနိုင်၍ ဖားကန့် ဂျာဝမ်ရွှေမှော်များ အမြန်ဆုံးပိတ်သိမ်းရန် KIA သတိပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရွှေမော်များကို အမြန်ပိတ်သိမ်းကြဖို့ ကချင်လွတ်မြောက်ရေးတပ်က သတိပေးချက်ထုတ်ပြန်လိုက်သည်။

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများရှိလာ၍ စစ်ဖြစ်လာနိုင်သည့်အတွက် ရှဒူးဇွပ်ကျေးရွာအနီးရှိ ဂျာဝမ်ရွှေမှော်များကို အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပိတ်ကြရန် ရွှေမှော်လုပ်သားများကို သတိပေးလိုက်ခြင်းဖြစ်သည်။

ဒွမ်ဘန်ရွာအခြေစိုက် ခလရ(၂၉၇) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ က မတရားငွေတောင်းခြင်း၊ ရွှေမော်အတွင်း ဈေးရောင်းသည့် ဈေးသည်များ နှင့် ဝင်ထွက်သွားလာနေသည့် ပြည်သူများကိုလည်း ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ရွှေမော်သွားလမ်းများကိုလည်း မိုင်းထောင်ခြင်း များ ရှိနေသည်ဟု နယ်ခံများက ပြောသည်။

အောက်တိုဘာလ ၁၃ရက်နေ့က ရှဒူဇွပ်ကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားရှိ ဂျာဝမ်ရွှေမော်သွားလမ်းကို စစ်ကောင်စီတပ်က တားဆီးဖြတ်တောက်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများလုပ်နေခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s