နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ပြည်သူများက ခုခံတော်လှန်မှုများ နေရာပေါင်းစုံတွင် ဖြစ်ပွားနေ၊ စစ်ကောင်စီသတင်းပေး၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး ၊ ကြံ့ဖွတ်များအပါအဝင် အ များအပြား ပစ်ခတ်ခံရပြီး သေဆုံး

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ပြည်သူများက ခုခံတော်လှန်မှုများ နေရာပေါင်းစုံတွင် ဖြစ်ပွားနေပြီး စစ်ကောင်စီသတင်းပေး၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး ၊ ကြံ့ဖွတ်များအပါအဝင် အများအပြား ပစ်ခတ်ခံရပြီး သေဆုံးနေကြောင်း သိရှိရသည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်

======================

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပုလင်းပြားကြီးကျေးရွာ၊ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူ ဝင်းစိုးကို ထွေအုပ်ရုံးမှ အစည်းအဝေးတက်ပြီး ပြန်အလာတွင် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်

=====================

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ အောက်တိုဘာ ၁၃ ရက်နေ့ ည၉နာရီဝန်းကျင်အချိန် PDF-South Monywa-မုံရွာသံမဏိအဖွဲ့သားများ နှင့် Monywa Heroes Group က တစ်ချိန်တည်း ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း၊ ပထမတစ်ကြိမ်အမြင့်လမ်းခွဲဘက်မှ ​ဗိုလ်ချုပ်လမ်းသို့အလာ နေရာတွင်တစ်ကြိမ်၊ဒုတိယအကြိမ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ(မုံရွာ)မှာတွင်လည်း ဖောက်ခွက်မှုအကြီးစားတစ်ကြိမ်၊တတိယအကြိမ် ကမ်းနားဘက်ဖောက်ခွဲမှုမှာတော့ ဖောက်ခွဲမှုချို့ယွင်းချက်ကြောင့် အသေးစားပေါက်ကွဲမှုဖြစ်ပွါး၍ ယနေ့ညပိုင်း ၃ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။ မုံရွာ၊ အက်တော(ပြည်တော်သာ)မှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ရှေ့နေ ‘ဇင်မင်းထွန်း’ဆိုသူကို အရာတော်ဒေသခံကာကွယ်ရေးတပ်က ယနေ့တွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်

========================

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာအရှေ့ဘက် မြကန်ရွာထိပ် တွင် အောက်တိုဘာ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကား ၂ စီး ကို ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်သား ၈ ဦး သေဆုံးကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် လက်ပံလှကျေးရွာမှ ပျူစောထီး အဖွဲ့ဝင်ခင်မောင်ထွန်း ကိုအောက်တိုဘာလ ၁၁ ရက်နေ့ King Cobra-Khin U (တောကြီးမြွေ ဟောက်အဖွဲ့-ခင်ဦး)က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုကျေးရွာမှ စစ်တပ်ထောက်ခံသူ မိသားစုကို ခင်ဦးစခန်းမှ ကားနှင့်ဆိုင်ကယ်များဖြင့် လာခေါ်ပြီးအပြန်တွင် စစ်ကောင်စီတပ်သား ၂ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ဖြင့်လိုက်ပစ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးထွက်ပြေးသွားကြောင်း သိရှိရသည်။ ယင်းနောက် ခင်ဦးစခန်းမှ အင်အားအပြည့် ကား၄စီးဖြင့်လိုက်သွားရာ အခင်းဖြစ်ပွားရာနေရာမရောက်မီ မြင်းဒေါင်းကျေးရွာနှင့် မြကန်ကျေးရွာ ကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ၈လုံးတစ်တွဲ ၄လုံးတစ်တွဲ ပေါင်း ၁၂လုံးမိုင်းဆွဲရာ ကားနှစ်စီး အပြင်းအထန်ထိခိုက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနိုင်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ပြည်မြို့

=================

အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ပြည်မြို့ နဝင်းရပ်ကွက် ရတနာလမ်းမှ Mytel တာဝါတိုင်ကို PUGF (ပြည်မြို့မြေ အောက်ပျောက်ကျားတပ်ဖွဲ့) က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်

=======================

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အကြားရှိ ဇီးပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီတွင် ဝင်တိုက်ပြီး မီးရှို့ခဲ့ကာ ရဲ ၂ ဦးသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများပြားနိုင်ကြောင်း မြိုင် PDF က ပြောသည်။”Myaing PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့ ၁၂ အောက်တိုဘာ ည ၉ နာရီခန့် မှ ၁၀ နာရီအထိ အချိန် ၁နာရီခန့် ပေါက်မြို့နယ် နှင့် မြိုင်နယ်ကြားရှိ ဇီးပြားရဲစခန်း အား ဝင်ရောက် ပစ်ခတ်ခဲ့ပါသည်။ စစ်ကောင်စီ မှ ရဲ ၂ ဦးခန့် သေဆုံးပြီး အထိအခိုက်များရှိသည်ဟု ခန့်မှန်းရပါသည်။ ရဲများ စခန်းကို စွန့်ခွာကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ပြန်လည်ပစ်ခတ်သောကြောင့် စခန်းအား မီးရှို့နေရင်း အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့သည်” ဟု မြိုင်PDF က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကိုင်း၊မုံရွာမြို့နယ် အပါအဝင် တိုင်းဒေသကြီး များတွင် ရဲ ကင်းစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်

==========================

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် မထိသာကျေးရွာမှ ပျူတင်ဌေးကို အောက်တိုဘာလ ၉ ရက်နေ့တွင် 27 Revolution Force ၏ STF က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ပြည်မြို့နယ်

===================

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ နဝင်းရပ်ကွက်၊ ရတနာလမ်း (ပြည်တက္ကသိုလ်ဘေး) ရှိ Mytel တာဝါတိုင်ကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့် ဗုံးခွဲလိုက်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်

==========================

အောက်တိုဘာလ ၁၃ ရက်နေ့ နွားထိုးကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဘူတာလမ်းဆုံမြောက်ဘက်ခြမ်းတွင် ဗုံးတစ်လုံးကွဲပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားတချို့သေဆုံးကြောင်း သိရှိရသည်။ အလားတူ ယမန်နေ့ ညပိုင်း ၁၁ နာရီ ၄၅ မိနစ်တွင် ရှီလာလျှပ်စစ်ပစ္စည်းဆိုင်အနီးတွင် ဗုံးတစ်လုံးကွဲခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်

========================

အောက်တိုဘာလ ၁၃ရက်နေ့ မွန်းတည့် ၁၂နာရီခန့် တွင် စစ်ကိုင်းတိုင်း ကျွန်းလှမြို့မှ ​ကောလင်းဘက်သို့ ကင်းလှည့်သွား​နေသည့် စစ်ကောင်စီ စစ်ကားတစီးကို ကန့်ဘလူ PDFက မိုင်း​ထောင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်

=============================

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃) ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ လမ်း × ၁၀၈ လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်း ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်

=====================

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မစိုးရိမ်နှင့်ရေဦးအကြားတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲခဲ့ပြီး သေနတ်သံများ ဆူညံသွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်

=====================

ခရမ်းမြို့ အမှတ် (၁) ရပ်ကွက် ကံသာကျောင်း Mytel တာ၀ါတိုင် ယနေ့ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် စတင်မီးလောင်းကျွမ်းခဲ့ပြီး ယခုည ၁၀ နာရီ ၁၅ မိနစ်အချိန် ပေါက်ကွဲသံတစ်ချက်နှင့်အတူ မီးလောင်နေကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s