မင်းကင်း၊ ကျောက်ပန်းတောင်းနှင့်ဘားအံတို့တွင် အရပ်သားများကို စစ်ကောင် စီတပ်က ပစ်ခတ်သတ်ဖြတ်၊ ပျောက်ဆုံးသူတချို့လည်း ရှိနေ

စစ်ကိုင်းတိုင်းမင်းကင်းမြို့နယ်၊ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်များတွင် အရပ်သားများကို စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်မှုများ ရှိနေပြီး ပျောက်ဆုံး သူတချို့လည်းရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာ ၁၃ရက်နေ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသ လောင်းပြည့်ကျေးရွာမှတစ်ဆင့် တောနင်း၍ သံပေါက်ကျေးရွာသို့ ရောက်ရှိလာကြောင်း၊တောနင်းရှာဖွေခြင်းများ ပြုလုပ်ရာတွင် လောင်းပြည့်ကျေးရွာသား ၂ ဦးကို တွေ့ရှိ၍ ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ လောင်းပြည့်ကျေးရွာသား ၈ ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ကျေးရွာအနီးရှိ ကန်နီရွာတွင် ရေနံတူးနေသော လူငယ်တစ်ဦးကို စစ်ကောင်စီတပ်များက အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေ ၄ နာရီတွင် ပစ်သတ်သွားကြောင်း၊ ကန်နီရွာတွင် အထိုင်ချ၍ ရမ်းကားသောင်းကျန်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းတပ်ဖွဲ့ကဘားအံမြို့နယ်၊ တကောင်ဘိုးကျေးနယ်အုပ်စု၊ မီးပုံးကျေးရွာ ဘုန်းကြီး ကျောင်းအနီး လမ်းမပေါ်တွင် အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီက ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ ပစ်သတ်ခံရသူမှာ ဝါကောကျေး ကျေးရွာမှ မီးပုံးကျေးရွာတွင် လာရောက်နေထိုင်သူ အသက် (၅၀)နှစ်ရှိ စောမောင်တင်လင်းဖြစ်သည်ဟု KNU-ဘားအံမြို့ နယ် သတင်းနှင့်ပြန်ကြားရေး ဌာနခွဲမှူးကပြောသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s