“မလုပ်ရဲတာ မရှိဘူး” ဆိုသော မင်းအောင်လှိုင် ပြည်သူကို သတ်ဖြတ်နေ၍ စစ်တပ်ကို လက် နက် မရောင်းကြရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလ သမဂ္ဂညီလာခံ ကော်မတီအစည်း အဝေးတွင် မိန့် ခွန်းပြော ပန်ကြား

မလုပ်ရဲတာမရှိဘူးဆိုသော မင်းအောင်လှိုင်အနေဖြင့် ပြည်သူကို သတ်ဖြတ်နေ၍ မြန်မာစစ်တပ်ကို လက်နက် မရောင်းကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ၇၆ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ကော်မတီအစည်းအဝေးတွင် မိန့် ခွန်းပြော၍ပန်ကြားလိုက်သည်။ အောက်တိုဘာလ ၁၃ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသော (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ်က “နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနှင့် သမားရိုးကျလက်နက်များ” နှင့်ပတ်သက်၍ မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ပန်ကြားလိုက်ခြင်းဖြစ်သည်။

နျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးကို ယင်းလက်နက် များအသုံးပြုမှု သို့မဟုတ် ခြိမ်းခြောက်မှုများအတွက် တစ်ခုတည်းသော အာမခံချက်အဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုမှ ယုံကြည်ထားပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ဖျက် သိမ်းရေး ရည်မှန်းချက်အတွက် ဆောင်ရွက်မှုများအပေါ် ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Nuclear Non-Proliferation Treaty)၊ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear Test Ban Treaty – CTBT) နှင့် Bangkok Treaty များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊

အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) သို့ ယခုနှစ်အတွင်း အတည်ပြုပါဝင်ရေးအပေါ် အဟန့်အ တားဖြစ်ခဲ့ပါကြောင်း၊

သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဇီဝလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ အတည်ပြုပါဝင်ခဲ့သည့် အားလျော်စွာ မြန်မာ နိုင်ငံအနေဖြင့် စာချုပ်ပါအချက်အလက်များကို လိုက်နာဆောင်ရွက်မည့် ကတိကဝတ်အပေါ် ထပ်လောင်းအတည် ပြုလိုပါကြောင်း၊

တရားမဝင်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးသည့် နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ ညအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အတွင်း၌ ထူးဆန်းသည့် တိမ်ပုံစံ၊ မြူခိုးပုံစံအငွေ့များသည် စစ်လေယာဉ်များ ပျံသန်းသွားပြီးနောက် ပေါ်ပေါက်လာခဲ့ကြောင်းကို သိရှိရပါကြောင်း၊

အဆိုပါ တိမ်ပုံစံအငွေ့များသည် သာမန်အခိုးအငွေ့များ ဖြစ်ကောင်းဖြစ်နိုင် သော်လည်း ဒေသခံပြည်သူများအကြားတွင် စစ်တပ်မှအန္တရာယ်ရှိသည့် အဆိပ်အတောက်များ ဖြန့်ဖြူးနေခြင်းဟု ထင်မြင်ယူဆပြောကြားမှုများ ရှိခဲ့ပါကြောင်း၊

စစ်တပ်အကြီးအကဲအနေဖြင့် ၎င်းအနေဖြင့် မလုပ်ရဲတာမရှိဟု ပြောကြားခဲ့ဘူးကြောင်း၊ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာ အတည် ပြုပါဝင်ခဲ့သည့် အားလျော်စွာ မြန်မာနိုင်ငံ အနေဖြင့် မည်သည့်အခြေအနေတွင်မဆို ဓာတုလက်နက်အသုံးပြုများကို ရှုတ်ချပါကြောင်း၊

သို့သော်လည်း မြန်မာနိုင်ငံတွင် ဓာတုလက်နက်ပစ္စည်းများ ထုတ်လုပ်ခဲ့မှု ရှိ-မရှိ ဆိုသည့် စွပ်စွဲ ချက်နှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မှုမပြုရသေးသည့်အတွက် ယင်းစာချုပ်ပါအချက်အလက် များအား မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလိုက်နာ ဆောင်ရွက်ခြင်း ရှိ-မရှိ အပေါ် အ ငြင်း ပွားဖွယ် ဖြစ်နေပါကြောင်း၊

လုံလောက်သည့် သက်သေအထောက်အထားများအရ ၁၉၈၀ ခုနှစ်များ အတွင်း၌ မြန်မာစစ်တပ်သည် ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုကျေးရွာအနီးရှိ ဓာတုလက်နက် ထုတ်လုပ်သည့် စက်ရုံမှ ဆာလဖာဓာတုအဆိပ်များ (sulphur mustard) ထုတ်လုပ်ခြင်းရှိခဲ့သည်ဟု သိရှိရပါကြောင်း၊

အဆိုပါဓာတု စက်ရုံသည် စစ်တပ်ဘက်မှ ထိန်းချုပ်ထားသည့် ကိစ္စဖြစ်ပါကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် အရပ်သားအစိုးရသို့ အစီရင်ခံတင်ပြခဲ့ခြင်းမရှိပါကြောင်း၊

လက်နက်ရောင်းဝယ်ရေးစာချုပ် (Arms Trade Treaty) သည် သမား ရိုးကျလက်နက်များ ရောင်းချခြင်းအပေါ် တာဝန်ခံမှုရှိစေရေးအတွက် အဓိကကျပြီး၊ လက်နက်ရောင်းချခြင်းအပေါ် တင်းကြပ်ထိရောက်သည့် ထိန်းချုပ်မှုများ ပြုလုပ်ပေးပါက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများ ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံသည် သမားရိုးကျလက်နက်များနှင့် ပတ်သက်သည့် စာချုပ်များတွင် အတည်ပြုပါ ဝင်ခြင်း မပြုရသေးပါကြောင်း၊ မြန်မာစစ်တပ်သည် အဆိုပါစာချုပ်ပါ ရည်ရွယ်ချက်များ၊ အချက် အလက်များနှင့် လိုက်လျော်ညီထွေမှုမရှိနေသော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အ ရပ် သား အစိုးရအနေဖြင့် ယင်းစာချုပ်များသို့ အတည်ပြုပါဝင်သွားရေးအပေါ် လေ့လာလျက်ရှိပါကြောင်း၊

မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော သေစေနိုင်သည့် စစ်လက်နက်များကို အသုံးပြု၍ မြန်မာပြည်သူများအပေါ် အကြမ်းဖက်သတ် ဖြတ်မှုများ ကျူးလွန်နေပါကြောင်း၊

မြန်မာစစ်တပ်သို့ လက်နက်များ ရောင်းချနေသည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် မြန်မာပြည်သူများကိုယ်စား မေတ္တာရပ်ခံပြောကြားလိုပါကြောင်း၊

နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်ရောင်းချမှု ရပ်တန့်ခြင်းသည် စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုများကို တားဆီးနိုင်မည်မဟုတ်သော်လည်း အပြစ်မဲ့ပြည်သူပေါင်း များစွာ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s