ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆၉ ဦး နုတ်ထွက်ပြီး စစ်ကောင်စီ၏ အုပ် ချုပ်ရေးယန္တရား ရပ်ဆိုင်းကာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပေါ်ပေါက်လာ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ၆၉ ဦး နုတ်ထွက်သွားပြီး စစ်ကောင်စီ၏ အခြေခံ အုပ်ချုပ်ရေးယန္တရား ရာနှုန်းပြည့် ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Khayan Channel က ပြောသည်။

ခရမ်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PDF Khayan)က အောက်တိုဘာလ ၃ ရက်နေ့စွဲဖြင့် အုပ်ချုပ်ရေးမှူးများကို တာ၀န်မှနုတ်ထွက်ကြရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့ပြီးနောက် ခရမ်းမြို့နယ်တွင် အောက် တိုဘာလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ ၈ ရက်အတွင်း အုပ်ချုပ်ရေးမှူး ၆၉ ဦးလုံး နုတ်ထွက်သွားကြကြောင်း သိရှိရသည်။

နုတ်ထွက်ခဲ့ကြသော အုပ်ချုပ်ရေးမှူးများတွင် မြို့ပေါ် ၁၃ ရပ်ကွက်လုံးပါ၀င်ခဲ့ပြီး ခရမ်းမြို့နယ်တွင် ကျေးရွာများ ၅၆ ရွာမှ အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်သွားကြခြင်းဖြစ်သည်။ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားချိန် ခရမ်းမြို့နယ်တွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s