ချောက်မြို့တွင် လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ချောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဒေသခံ လူငယ်  ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက  ဖမ်းဆီးသွားတယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။

ချောက်မြို့ဒေသခံတဦးက ”မနေ့က မနက် ၅ နာရီလောက် အမှတ် ၈ ကွက်သစ်နောက်နားက လူငယ် ၅ ယောက်နဲ့ ညနေ ၆ နာရီ လောက်ကျတော့ အုတ်ဖိုရပ်ကွက်က ၂ ယောက်ကိုဖမ်းသွားတယ်တဲ့။ နာမည်တွေကတော့ စုံစမ်းနေတုန်းမို့ မသိရသေးဘူး။ ရဲနဲ့စစ်သားတွေ လာဖမ်းခေါ်သွားတာပဲ။ ဘယ်ခေါ်သွားမှန်းလည်းမသိဘူး” လို့ ပြောပြပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေနဲ့ဒေသခံပြည်သူတွေဟာ မြို့ခံတွေဖြစ်ပြီး  ကောင်းရောင်းကောင်းဝယ်နဲ့ ရိုးသားစွာစီးပွားရှာနေသူတွေဖြစ်တယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အခုလို မြို့ခံ ၇ ယောက်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့  ဒီဗွီဘီက ချောက်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

သတင်းပေးဒလန်တွေရဲ့  အခွင့်အရေးရလိုမှုနဲ့ မဟုတ်မမှန်သတင်းပေးမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူငယ်နဲ့လူလတ်ပိုင်းတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေနဲ့ PDF တွေဆိုပြီး ဇွတ်အတင်းဝန်ခံခိုင်းနေတာတွေလည်း ရှိနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s