CDM ရဲမေ နော်အယ်စိုးမူး ကရင်နီတပ်မ တော်တွင် အခြေခံစစ်သင်တန်းနည်းပြ ဖြစ် လာ

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နိုင်ငံအာဏာအား မတရားသိမ်းပိုက်လိုက်ပြီးနောက် CDM ပြုလုပ်ကာ ပြည်သူဘက်မှ ရပ်တည်လိုက်သော ရဲမေ နော်အယ်စိုးမူးသည် ကရင်နီတပ်မတော် ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းတွင် အခြေခံစစ်သင်တန်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေကြောင်း ကရင်နီသတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုလာလ ၉ ရက်တွင် ပြုလုပ်ခဲ့သော ကရင်နီတပ်မတော် အပတ်စဉ် ၇၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် ကရင်နီတပ်မတော် အရာရှိကြီးများဖြစ်ကြတဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အယ်မွီးတို့က သင်တန်း ဆင်းရဲဘော်များအား စစ်ဆေးနေစဉ် CDM ရဲမေ နော်အယ်စိုးမူးအား ရှေ့ဆုံးမှ ဦးဆောင်လာသည်ကို တွေ့ခဲ့ရသည်။

နော်အယ်စိုးမူသည် လက် ရှိတွင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန်အတွက် ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင် ၁ ဦး ဖြစ်သလို ဗဟိုစစ်ရေးလေ့ကျင့်ရေးကျောင်းရဲ့ အခြေခံစစ်သင်တန်းနည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်နေကြောင်းလည်း သတင်းရရှိသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s