Monthly Archives: Oct 2021

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မပြုရန် ဆုံးဖြတ်ဟုသတင်းထွက်ပေါ်၊ မနက်ဖန် တရားဝင်ကြေ ညာမည်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အခုလကုန်ပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ဆုံးဖြတ်လိုက်တဲ့အကြောင်း NHK ဂျပန်သတင်းမှာဖော်ပြပါတယ် ။

ဒီကနေ့ အောက်တိုဘာလ ၁၅  ရက်နေ့မှာ ၂ နာရီကြာကျင်းပတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးများ အွန်လိုင်းဆွေး နွေးပွဲကနေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတရားဝင်ကြေညာခြင်းတော့မရှိသေးပါဘူး။

ဒီနေ့အထူးအစည်းအဝေးပွဲ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လက်ရှိအလှည့်ကျအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆ ရက် မနက်ဖန်မှာ တရားဝင် ကြေညာချက်ထုတ်ပြန်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူတစ်ယောက်နဲ့ ဒေသတွင်း သံတမန် တယောက်ရဲဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အခု အောက်တိုဘာလ  ၂၆ ရက်မှ  ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းမရှိတဲ့ စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးပေးမတက်ဖို့ အာဆီယံ နိုင်ငံရဲ့ ဝန်ကြီးတွေက အစကတည်းက ပြောကြားထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေနဲ့   virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့  နောက်ဆုံးမိနစ်မှာ တောင်းဆိုခဲ့ပါတယ်။DVB

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအနီးရှိ အခွန်ရုံးဗုံးပေါက်

ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းဒေါင့်က အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှာ  ဒီကနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်အချိန်က  ဗုံးပေါက်ကွဲခဲ့တယ်လို့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုဟာ မြို့လယ်ခေါင်လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပေမဲ့ လူထိခိုက်မှု သတင်းတွေတော့ မကြားဘူးလို့ ဆိုပါတယ်။

ဗုံးဖေါက်ခွဲမှုကို Free Tiger Ranger (ပုဇွန်တောင်မြို့နယ်ခွဲ) အဖွဲ့က  လုပ်ဆောင်ခဲ့တာလို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ  ထုတ်ပြန်ထားပါတယ်။

ဗုံးကွဲတဲ့အနားမှာရှိတဲ့ အခွန်ရုံးက ဝန်ထမ်းတချို့နဲ့ အခွန်ဦးစီးမှူးတွေဟာ စစ်ကောင်စီအလိုကျ ပြည်သူလူထုထံ အခွန်ငွေအဓ္ဓမကောက်ခံတာနဲ့  CDM ဝန်ထမ်းတွေကို ဖိအားပေး ရုံးပြန်တက်ခိုင်းနေတယ်လို့ သိရတာကြောင့် ဖိအားပေး လုပ်ဆောင်မှုတွေ ရပ်တန်းက မရပ်ပါက သူတို့နဲ့ သူတို့ရဲ့ မိသားစုပါမကျန် ပြင်းထန်းစွာ တိုက်ခိုက်သွားမယ်လို့ Free Tiger Ranger(ပုဇွန်တောင်မြို့နယ်ခွဲ)က သတိပေးထားပါတယ်။DVB

လူသတ်အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုရန် ဆုံးဖြတ်

လူသတ် အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဘဲ ချန်ထားရန် ယနေ့ အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ကြောင်း ဂျပန် NHK သတင်းဌာနက သတင်းကြေညာ သည်။

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များက ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီဘက်က ပျက်ကွက်ပြီးနောက် အာဆီယံနိုင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် တက်ခွင့်မပေးဘဲ ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ် သည်။ khit thit

ပုသိမ်ကြီးမြို့တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြေစာရင်းဌာန ဗုံးပေါက်ကွဲ

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပုသိမ်ကြီးမြို့ရှိ အကြမ်းဖက် ဖက်စစ် လက်အောက်ခံ မြေစာရင်းဌာနတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ပုသိမ်ကြီးမြို့တော်လှန်ရေးအင်အားစု(PRF)နှင့် မြို့ပြပျောက်ကြားအထူးတပ်ဖွဲ့(UGSF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Patheingyi Revolution Force _PRF က သတင်းထုတ်ပြန်ထားသည်။khit thit

ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးကို တောကြီး မြွေဟောက်အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်းထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၏ အရှေ့ဘက်တွင်ရှိသည့် မကျီးတုံကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦးနှင့် ယင်းမြို့နယ်အတွင်းရှိ သရက်ပင်စုကျေး ရွာမှပျူစောထီး နှစ်ဦးအား တောကြီးမြွေဟောက်အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း ယနေ့ အောက်တိုဘာလ ၁၅ရက်တွင် ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မကျီးတုံရွာမှ အသတ်ခံရသူများမှာ အသက် ၃၀ ကျော်အရွယ်များဖြစ်သည့် ကိုဝင်းဇော်၊ ကိုစိုးတင့် နှင့် ကိုအောင်နိုင်ဝင်းတို့ဖြစ်ပြီး ၎င်းတို့ကို ယနေ့ အောက်တိုဘာလ ၁၅ရက် နေ့လည် ၁၂နာရီ ဝန်းကျင်တွင် မကျီးတုံရွာထဲ၌ပင် သုတ်သင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သရက်ပင်စုရွာမှ အသတ်ခံရသူများမှာ နိုင်ကိုကို(ခ)ညီညီ နှင့် ရဲရင့်နိုင် တို့ဖြစ်ပြီး အောက်တိုဘာ ၁၄ရက် ည ၁၂ နာရီအချိန်တွင် သရက်ပင်စုရွာ အရှေ့ဘက် တောထဲတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တောကြီးမြွေဟောက်အဖွဲ့အား စိန်ခေါ်တိုက်ခိုက်နေတဲ့ ခင်ဦးတစ်မြို့နယ်လုံး၏ မေတ္တာစူးရှနေသော မကျီးတုံရွာ လက်နက်ကိုင် ပျူစောထီးအဖွဲ့မှ သုံးဦး(ဒူးချောင်ပြူးမောင်၏ တပည့်သုံးဦး)ကို တောကြီး မြွေဟောက်ကြီးများမှ ရွာအတွင်းသို့ဝင်ရောက်၍ သွားလိုသောလမ်းကို (၃၅ /၃၆/၃၇) ယောက်မြောက် ပျူဒလန်အဖြစ် ပို့ဆောင်ပေးလိုက်သည်” ဟု တောကြီးမွေဟောက်အဖွဲ့ – ခင်ဦးမှ ထုတ်ပြန်ထားသည်။

“ခင်ဦးမြို့ကဆိုရင် ဆိုင်ကယ် ၃ မိနစ်လောက်မောင်းရတဲ့ မကျီးတုံရွာမှာရှိတဲ့အများစုက ပြည်သူ့စစ်အဖွဲ့ဝင်တွေပဲ။ အင်အား ၇၀ ကျော်လောက်ရှိမယ်။ ဝတ်စုံတွေနဲ့ စစ်တပ်ကပေးထားတာ။ ပြီးတော့ ခေါင်းဆောင်ဆိုတဲ့ ပျူးမောင်ဆိုသူမှာလည်းသေနတ်ရှိတယ်။ ကျန်တဲ့သူတွေမှာတော့ တူမီးလိုဟာမျိုးတွေရှိတယ်။

စစ်သားတွေလာရင် သူတို့က ကားကြီးတစ်စီးနဲ့ နောက်ကလိုက်ပြီး ရွာတွေမှာ ပစ္စည်းတွေယူကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်မကျီးတုံရွာသား သုံးဦးအား သတ်ဖြတ်စဉ် သိမ်းဆည်းရမိသော စစ်ကောင်စီတပ်ယူနီဖောင်းတွင် ခင်ဦး “ပသစ” ဟူသည့် တံဆိပ်ကိုတွေ့ရသည်ဟု တောကြီးမွေဟောက်အဖွဲ့ ထံက သိရသည်။ ‌ဒေသခံများက ယင်းအမှတ်တံဆိပ်ကို ” ပသစ(ပြည်သူ့စစ်)” တံဆိပ်များ ဖြစ်သည်ဟု ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ခင်ဦးနယ်တွင် တောကြီးမြွေဟောက်အဖွဲ့မှ အာဏာသိမ်းစစ်ကောင်စီတပ်သတင်းပေးနှင့် ပျူစောထီးဒလန်များအား သတ်ဖြတ်ရှင်းလင်းခဲ့သည်မှာ စုစုပေါင်း ၃၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။mizzima

ဖလမ်း၊ သီးဘွာလ်စခန်းမှ နယ်မြေရှင်းလင်းရန်ထွက်လာသော စစ်ကောင်စီတပ်နှင့် CNDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့ အနောက်မြောက်ဘက်ရှိ သီးဘွာလ်ကျေးရွာ တပ်စခန်းမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း CNDF မှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း CNDF မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် အဆိုပါ သီးဘွာလ်ကျေးရွာ စစ်ကောင်စီတပ်စခန်းမှ တပ် ကြပ်ကြီးတစ်ဦး CDM ပြုလုပ်ကာ ချင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့သေးသည်။

ဖလမ်း၊ သီးဘွာလ်စခန်းမှ နယ်မြေရှင်းလင်းရန်ထွက်လာသော စစ်ကောင်စီတပ်နှင့် CNDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီမှ ၁ ဦးသေ ၁ ဦး ဒဏ်ရာရရန်ကုန်၊ အောက်တိုဘာ ၁၅ချင်းပြည်နယ်၊ ဖလမ်းမြို့ အနောက်မြောက်ဘက်ရှိ သီးဘွာလ်ကျေးရွာ တပ်စခန်းမှ နယ်မြေရှင်း လင်းရေးလုပ်ဆောင်နေသော စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း CNDF မှ သတင်းထုတ် ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများအသုံးပြု၍ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း CNDF မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် အဆိုပါ သီးဘွာလ်ကျေးရွာ စစ်ကောင်စီတပ်စခန်းမှ တပ် ကြပ်ကြီးတစ်ဦး CDM ပြုလုပ်ကာ ချင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီသည် အင်အားအများအပြားသုံးကာ ချင်းပြည်နယ်အတွင်း ထိုးစစ်ဆင်နေပြီး ချင်းအမျိုးသားတပ်ဦး CNA၊ CNDF၊ CDF၊ PDF တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်လျှက်ရှိသည်။khit thit

ချင်းနှင့်စစ်ကိုင်းက အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ယူကေအစိုးရ အနီးကပ် စောင့်ကြည့်နေ

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မြန်မာစစ်တပ်က စစ်အင်အားဆက်လက်တိုးမြှင့်နေမှုနဲ့ တိုက်ပွဲသတင်းတွေကို ယူကေအစိုးရက အနီးကပ်စောင့်ကြည့်နေပြီး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အောက်တိုဘာ ၁၅ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ကြီးမားတဲ့ ထိုးစစ်ဆင်မှုဟာ လူမှုအသိုက်အ၀န်းနဲ့ သူတို့ရဲ့ သက် မွေး၀မ်းကြောင်းလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့ ၀တ်ပြုရာနေရာတွေ ထိခိုက်စေနိုင်တာကို စိုး ရိမ်မကင်းဖြစ်မိကြောင်းနဲ့ အဲဒီလို ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင် ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနဲ့အတူ အနီးကပ် ဆက်လက် လုပ်ကိုင်သွားမယ်လို့ လည်း ဗြိတိန်သံရုံးက ထုတ်ပြန်ပြောပါတယ်။

ကြိမ်ဖန်များစွာ ကြီးမားသောတိုက်ခိုက်နေမှုတွေက အာဏာသိမ်းစစ်တပ်ဟာ မြန်မာ ပြည်သူလူထုအပေါ် အလေးထားမှုမရှိတာကို ပြသနေတာဖြစ်ပြီး စစ်တပ်အနေနဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရမှာဖြစ်တယ် လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ အင်အားသုံးထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေခဲ့ပြီး တချို့ဒေသတွေမှာ ဒေသ ခံတွေ ထောင်သောင်းချီ နေရပ်စွန့် ခွာ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတာပါ။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ ဒေသအတော်များများမှာတော့ အကြမ်း ဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာလနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေ ရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်း ဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ် ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင် စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ် မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၇၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင် ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင် လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။DVB

အာဆီယံအထူးသံတမန်၏ မြန်မာပြည်ခရီးစဉ် အဆင်ပြေအောင်ဆောင်ရွက်ပေးရန် စစ်တပ်ကို ဗြိတိန်နှင့် မဟာမိတ်များ တိုက်တွန်း

အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို ပုံမှန်လာရောက်ကြည့်ရှုရာမှာ အဆင်ပြေစေဖို့ စစ်တပ်အနေနဲ့ ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းနဲ့ သူ တွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ် အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်စေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် မစ္စတာ ဧရာဝဏ်ယူဆွတ်ဖ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားပေးထောက်ခံ ပံ့ ပိုးကူညီရေးနဲ့ စပ်လျဉ်းပြီး  ယူကေအစိုးရနဲ့ နိုင်ငံတကာမိတ်ဖက်တွေ က အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မဟာမိတ်နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ အရှေ့တီမော၊ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေ ပါဝင်ပါတယ်။ 

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံ ထားရသူတွေကို ပြန်လွှတ်ပေးရေးအပါအ၀င် လူ့အခွင့်အ ရေးကို အပြည့်အ၀ လေးစားရ မှာဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးကင်းလုံခြုံပြီး အဆီးအတားမရှိ  လက်လှမ်းမီရောက်ရှိစေဖို့လည်း ခွင့်ပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။

အလားတူ အီးယူ  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလည်း  မြန်မာစစ်တပ်အနေနဲ့  အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ရာမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့နဲ့ သူတွေ့ဆုံလိုတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့  အောက်တို ဘာ ၁၃ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆွတ်ဖ် ဟာ မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့  တွေ့ဆုံရဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီက ငြင်းဆိုထားတဲ့ အတွက် ခရီးစဉ် အထမမြောက်ဘဲ ကြန့်ကြာနေပါတယ်။

အခုလနှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ခွင့်မပြုဖို့ကိစ္စ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အရေးပေါ်အွန် လိုင်း အစည်းအဝေး ဒီနေ့ ကျင်းပဖို့ ရှိနေပါတယ်။DVB

« Older Entries