စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံပြိုလဲလုပျက် စီးလုဖြစ်နေပြီး NCA ရပ်တန့်ကာ အာဏာရှင် စနစ်ပြန်ရောက်၊ နိုင်ငံတကာ ကြားဝင်ရန်၊ ဖမ်းဆီးထားသူများလွှတ်ပေးရန်နှင့် စစ်တပ် နိုင်ငံရေးမှ ထွက်ခွာရန် KNU တောင်းဆို

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်မှုကြောင့် နိုင်ငံတော်ပြိုလဲလုပျက်စီးလုအခြေအနေရောက်ရှိပြီး NCA သဘောတူညီချက်ရပ် တန့်ကာ စစ်အာဏာရှင်စနစ် ပြန်ရောက်ရှိနေပြီဖြစ်ကြောင်း NCA နှစ်ပတ်လည် ၆ နှစ်ပြည့်တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ကြေ ညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။

KNU ၏ ထုတ်ပြန်ချက်တွင် လက်ရှိအခြေအနေကို ထောက်ပြထားပြီး အချက် ၆ ချက်ကိုလည်း တောင်းဆိုထားသည်။ဖေဖော်ဝါရီအာဏာ သိမ်းပြီးနောက် တပ်မတော်သည် နိုင်ငံရေးပြဿနာကို အင်အားသုံးအဖြေရှာသည့် အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စစ်အာ ဏာသိမ်းမှုက NCA အခြေခံမူများအားလုံးအပေါ် ချိုးဖောက်မှုဖြစ်စေကာ NCA အကောာင်အထည်ဖော်ရေးလုပ်ငန်းစဉ်အားလုံးကို ရပ်တန့်စေခဲ့ကြောင်း၊ အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဖိနှိပ်မှုပေါင်းများစွာကို ခါးစည်းရင်ဆိုင်နေကြရပြီး နိုင်ငံပြိုလဲပျက်ဆီးလုအနေအထားသို့ ရောက်ရှိနေကြောင်း၊KNU အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေး နွေးအဖြေရှာရေး “မူ” အပေါ်ရပ်တည်နေကြောင်း၊ သို့သော်ဆွေးနွေးမှုဖက်များသည့် ရိုးသားမှုနှင့် သဘောတူညီချက်အပေါ်လိုက်နာရန်ထားရှိရမည့် သန္ဒိဌာန်ခိုင်မာမှုအပေါ်လုံး၀ မူတည်နေသည်KNU ကလက်ရှိအခြေအနေများကို ထောက်ပြထားသည်။

ထိုကြောင့် လက်ရှိဆိုးဝါးနေသည့် နိုင်ငံရေးအခြေအနေအား ကယ်တင်နိုင်ရန်အတွက် KNU က သက်ဆိုင်သူများကို အချက် ၆ ချက်တောင်းဆိုကြောင်းKNU ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးရန်၊ နိုင်ငံတဝှမ်းဖြန့်ကျက်ထားသည့် ရဲနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့များအား ၎င်းတို့၏ သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်လည်ရုပ်သိမ်းရန်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေညာရန်နှင့် အကောင်အ ထည်ဖော်ဆောင်ရွက်ရန်တို့လည်း ပါဝင်သည်။

လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ စတင်ဆောင်ရွက်ခြင်း၊ COVID 19 ရောဂါ ကာကွယ်ကုသရေး အပါအဝင် အခြားသော ဆေးဝါး ကုသမှုဆိုင်ရာ ကန့်သတ်မှုများအားလုံးရုတ်သိမ်းရန်၊ အရပ်သားများ ကာကွယ်ပေးရေးဆိုင်ရာပြဌာန်းချက်များကို ရဲနှင့်စစ်တပ် များလိုက်နာရန် အမိန့်ထုတ်ရန်၊ အရပ်သားများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် နိုင်ငံတကာ ကြားဝင်စောင့်ကြည့်ရေးလုပ်ငန်းစဉ်ကို ထူ ထောင်ပြီး အကောင်အထည်ဖော်ရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်ရန် တပ်မတော်အနေဖြင့် ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိပြုမှုကို တရားဝင် ကြေညာချက်ထုတ်ပြန်ရန်နှင့်နိုင်ငံရေးတွင် ပါဝင်နေမှုမှ နုတ်ထွက်ကြောင်းကြေညာရန်လည်း တောင်းဆိုထားသည်။ စစ်အာဏာပြု အုပ်ချုပ်မှု အားလုံးအဆုံးသတ်နိုင်ရေး အထောက်အပံ့ဖြစ်စေမည့် ကမ္ဘာ့ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို သဘောတူလက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘက်ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုမှုများပါဝင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာ ဏာလွှဲပြောင်းကာ နှစ်ပေါင်း၇၀ ကျော်ကြာမြင့်နေသည့် ပြည်တွင်းစစ်အရင်းအမြစ်ပြ၁သနများနှင့် အကြောင်းတရားများကို ညှိနှိုင်းဖြေရှင်းရေး သဘောတူရန်လည်း KNU က တောင်းဆိုထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s