တနင်္သာရီမြို့မှ စစ်ဖက်ရေးရာတပ်ဖွဲ့ ဗိုလ်ကြီးမင်းဆွေဦးကား ဗုံးခွဲခံရပြီး အပြင်းအထန်ဒဏ် ရာရ၊ သေဆုံးပြီဟု သတင်းထွက်သော်လည်း အတည် မပြုနိုင်သေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ဗိုလ်ကြီးမင်းဆွေဦးကား ဒီနေ့ ညဦးပိုင်းက ဗုံးခွဲခံခဲ့ရပြီး ဗိုလ်ကြီးမင်းဆွေဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရှိရပါတယ်။

ဒီနေ့ည ၇ နာရီ ၁၀ မိနစ်လောက် စရဖရုံးရှေ့မှာပေါက်ကွဲခဲ့တာဖြစ်ပြီး ဗိုလ်ကြီးမင်းဆွေဦး အပြင်း အထန်ဒဏ်ရာရရှိကာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကို အတည်ပြုနိုင်ပေမယ့်လည်း သေဆုံးတယ်ဆိုတဲ့ သတင်းကိုတော့ အတည်ပြုလို့မရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး မြို့ထဲမှာ သေနတ်တွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ အဆိုပါမြိုခံက ပြောပါတယ်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s