နာဂဒေသတွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုး သား ၁ ဦး ပထမဆုံးသေဆုံး

စစ်ကိုင်းတိုင်း၊  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ပြည်သူ့ဆေးရုံမှာ အောက်တိုဘာ ၁၄ရက် ညပိုင်းက ကိုဗစ်-၁၉  ရောဂါနဲ့  အမျိုးသားတစ်ဦး ပထမဆုံးသေဆုံးခဲ့ပါတယ်။

လေရှီးမြို့နယ် ဆုတောင်းကုန်းကျေးရွာမှာနေထိုင်ပြီး ပြည်သူ့ဆေးရုံမှာ ဆေးကုသခံ နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတာလို့  မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

“ကိုဗစ်-၁၉ ဖြစ်လို့ ဆေးရုံတက်နေတာကြာပြီ။ Positive အဖြေထွက်လို့ ဆေးရုံမှာ ဆက်နေခိုင်းပြီး ကုပေးနေတာ။ ည ၇ နာရီလောက်ဆုံးတယ်။ ကိုဗစ်ရောဂါနဲ့သေဆုံးတာ ပထမဆုံးပဲ”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အဆိုပါအမျိုးသားဟာ အသက် ၅၈ နှစ်ရှိပြီး သူ့ကို ညတွင်းချင်း မြေချသင်္ဂြိုဟ်လိုက်ပါတယ်။

လေရှီးမြို့နယ်မှာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၃ ဦးသာရှိပြီး  ဒီ ရောဂါကြောင့် သေဆုံးသူ တစ်ဦးသာရှိပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s