ဟားခါးမြို့ရှိ လဝက ရုံးမီးလောင်

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး (လ ၀ က)တွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညက မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ချင်းဦးစီးရပ်ကွက် ယဉ်ကျေးမှုပြတိုက်အနီးရှိ လဝကရုံးသည် ၁၀ နာရီ မိနစ်၃၀ အချိန်က စတင်လောင်ကျွမ်းပြီး ၁၁နာရီ မိနစ် ၂၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

“ မီးခိုးတွေစထွက်လာ။ အနီးနားကလူတွေကလည်း အပြင်ထွက်လို့မရဘူး ကိုဗစ်ကြောင့်ပါ။ ဒီအတိုင်းထိုင်ကြည့်နေရာတာ။ အဝေးကတော့ဆိုတော့ သေချာမမြင်ရဘူး။ မီးတောက်တော့ တော်တော်ကြီးတယ် “ ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက “ဟားခါးမြို့ မီးသတ် မှာ CDM လုပ်တဲ့ မီးသတ်တွေလည်းရှိတယ်။ အများစုက လုပ်ကြတယ်။ တယောက်နှစ်ယောက်က မလုပ်ကြဘူး။ အခုမီးလောင်တော့ ဘယ်သူမှာမလာကြဘူး။ အဲရုံး နဲ့ အိမ်တွေကတော့ဝေးကြတယ်” ဟု ပြောသည်။

လက်ရှိ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများ ရှိနေ၍ အောက်တိုဘာလ ၁၅ ရက်မှ ၃၀ ရက်အထိ နေအိမ်တွင်သာ Stay Home နေထိုင်ရန် ဒေသခံကျန်းမာရေးအဖွဲ့အစည်းများက ကြေငြာထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s