ပုသိမ်မြို့ မငြိမ်းလှကုန်းက ဒလန်ဟုနာမည်ထွက်နေသူ အသတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်၊ တဂေါင်းဘုရားအနီး မငြိမ်းလှကုန်းတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ၏ ရပ်ကျေး စည်းရုံးရေးမှူး ဒလန်ဟု နာမည်ထွက်နေသူ ကိုအောင်စိုးအား အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်သမားတစ်ဦးက အနီး ကပ် ပစ်သတ်သွားသည်ဟု ဒေသခံများထံက သိရသည်။

ဇနီဖြစ်သူနှင့်အတူ မုန့်ဝယ်ပြီး အိမ်ပြန်လာသည့် ကိုအောင်စိုးအား ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် အနီးကပ် သုံးချက် ပစ်သတ်ခဲ့သည်ဟု ယင်းပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပုသိမ် မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့တာပါ။ အောင်စိုးက ဒလန်အကြီးစားပါ ။ PDF တွေရှိတယ်ဆိုပြီး သတင်းပေးတာတွေ၊ CDM တွေကို ဖမ်းခိုင်းတာတွေလုပ်နေတဲ့သူပါ။ ဒါကြောင့် သ့ူအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်ကို စောင့်ပြီး ဆိုင်ကယ်ရပ်တဲ့အချိန်မှာရှင်းလင်းခဲ့တာပါ”ဟု မြို့ပြပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အမှတ် (၈) ရပ်ကွက်အပြင် အခြားမြို့ပေါ်ရပ် ကွက် များတွင်လည်း စစ်ကောင်စီတပ်များနှင့် ရဲများက ပိတ်ဆို့စစ် ဆေး ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s