ဘိုကလေးမြို့တွင် မိကျောင်းဆွဲခံရသည့် အ မျိုးသားတစ်ဦးကို ၃ ရက်ကြာအထိ ပြန်မတွေ့သေး

ဧရာဝတီတိုင်း ဘိုကလေးမြို့ ဆတ်ကျွန်းကျေးရွာမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံရတဲ့ အမျိုးသားတစ်ဦးကို ၃ ရက်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။

ဆတ်ကျွန်းကျေးရွာအုပ်စု ပဒဲကောကျေးရွာမှာနေတဲ့ စိုင်းခန့်ဇော်ဟာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက မြစ်ကမ်းဘေးမှာ ဂဏန်းထောင်နေစဉ် မိကျောင်းဆွဲခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညနေ ၅ နာရီလောက် ကမ်းစပ်မှာ ဂဏန်းထောင်နေတုန်း မိကျောင်းဆွဲသွားတယ်။ တွေ့မလားလို့တော့ မြစ်ထဲ အစုန်အဆန် ရှာနေတာပဲ၊ ခုထိတော့ မတွေ့သေးဘူး” လို့  လိုက်လံရှာဖွေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

မိချာင်းဆွဲခံရတဲ့ စိုင်းဇော်ခန့်ကို ကျေးရွာအတွင်းနေထိုင်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပူးပေါင်းပြီး လိုက်လံရှာဖွေတာ ၃ ရက်ရှိပြီလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက ဘောဂဝတီကျေးရွာမှာ သြဂုတ် ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့ ၂၂ ရက်နေ့က သရော်ချောင်းကျေးရွာမြစ်ကမ်းစပ်မှာ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦးတို့  မိကျောင်းကိုက်ဆွဲခံရလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s