မန္တလေးဈေးချိုအတွင်း ဖောက်ထွင်းမှုဖြစ်ပွား

မန္တလေးဈေးချို ဖောက်ထွင်းခံရမှုတွင် ရွှေဆိုင်များအား အဓိကဖောက်ထွင်းသွားခြင်း ဖြစ်ကြောင်း ဈေးအသိုက်အဝန်း ထံမှတစ်ဆင့် သိရသည်။ “ရွှေဆိုင်တန်းကို အဓိကထားပြီး ဖောက်သွားတာပါ။ ကိုယ့်အိမ် ကိုယ့်ဆိုင်လို သဘောထားပြီး စိမ်ပြေနပြေကို မွှေနှောက် ရှာဖွေသွားကြတယ်။

နောက်တစ်ခုပြောချင်တာက ပိုက်ဆံကို အဓိကရှာတယ် ထင်ပါတယ်။ ပိုက်ဆံရှာမရတော့ ဆိုင်ရှိပစ္စည်းတွေ ဖျက်ဆီးသွားတယ်” ဟု ဈေးအ သိုက်အဝန်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မန္တလေး အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံများမှ ဆိုင်ခန်းတချို့ ပြီးခဲ့သည့် အောက်တို ဘာလ ၈ ရက် ညသန်းခေါင်ကျော်အချိန်က ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး ဆိုင်ရှင်များမှာ ယနေ့စျေးရုံဖွင့်မှသာမျက်ဝါး ထင်ထင် မြင်တွေ့ကြရသည်။

အဆိုပါ ဖောက်ထွင်းခံရမှုတွင် ဆိုင်ခန်းပိုင်ရှင်များအနေနှင့် ကြီးမားသည့် ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ဆိုင်ခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများ ဖျက်ဆီးခံရမှုတို့ ရှိခဲ့ကြောင်း သိရသည်။ “ရွှေဆိုင်ဆိုတာက ဆိုင်ပိတ်တာနဲ့ ရွှေထည်ပစ္စည်းအကုန် အိမ်သယ်ကြတာများတယ်။ တချို့တော့ ကျောက်အချောထည်တို့ ၊ ပုလဲထည်တို့ ထားခဲ့တာမျိုးလည်းရှိတယ်။

အဲဒီလို ပစ္စည်းတွေတော့ မယူသွားကြဘူး။ စားပွဲခုံ၊ အံဆွဲတွေ ၊ မှန်ကောင်တာတွေ ရိုက်ချိုးဖျက်ဆီးသွားတယ်” ဟု နောက်ထပ် သတင်းရင်း မြစ် တစ်ဦးက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ညွှန်ကြားချက်ဖြင့် မန္တလေးဈေးချိုဆိုင်ခန်းပိုင်ရှင်များ၏ ကုန် ပစ္စည်းများအား ထုတ်ယူခွင့်ပြုရန် စီစဉ်နေစဉ် ဈေးဆိုင်ခန်းများ ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး၊ ဖောက်ထွင်းခံရချိန်သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန်လည်း ဖြစ်သည်။

မန္တလေးအဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးရုံများတွင် အခြေခံစားသောက်ကုန်၊ အဝတ်အ ထည်၊ အိုးခွက်ပန်းကန်၊ ဆေးဝါးပစ္စည်းနှင့် စိန်ရွှေရတနာ အစရှိသဖြင့်ရောင်းချသည့်ဆိုင်ခန်းပေါင်း သုံးထောင်ကျော်ရှိကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s