မိုင်းကိုင်တွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်အ မျိုးသမီး ကလေးမွေးဖွားပြီး သေဆုံး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး က လေးမွေးဖွားအပြီး သေဆုံးခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် အသက်ရှူကြပ်ရောဂါခံစားနေရကာ ကိုယ်ဝန် ၈ လနဲ့ ကလေးမွေးဖွားအပြီး မကြာမီ သေဆုံးခဲ့တာလို့ ကျန်းမာရေးဝန် ထမ်းတစ်ဦးကပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်က ကိုဗစ်-၁၉ ရောဂါဖြစ်နေတယ်။  လွန်ခဲ့တဲ့တစ်ပတ်ကတည်းက အိမ်မှာ ကြိတ်ပြီးဆေးကုနေတာ။ ခု အသက်ရှူကြပ်ပြီး ဆေးရုံရောက်လာတယ်။ ကလေးကိုတော့ မွေးပေးနိုင်ခဲ့တယ်၊ မိခင်ကိုတော့ လက်လွှတ်လိုက်ရတယ်” လို့ မိုင်းကိုင်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ဟာ  မိန်းကလေးတစ်ဦးကို မနက် ၁၁ နာရီခွဲမှာ မွေးဖွားအပြီး နေ့လယ် ၁ နာရီ ကိုဗစ်ကြောင့် သေဆုံးသွားကာ ကလေးက တော့ ကျန်းမာတယ်လို့ သိရပါတယ်။

မိုင်းကိုင်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၅ ဦး၊  ဆေးကုသမှုခံယူနေသူ ၁၀ ဦး နဲ့ သေဆုံးသူ ၃ ဦးရှိပြီလို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s