ယင်းမာပင်မြို့နယ် ​အောင်မိုး​ကျေးရွာကို စစ် တပ်ကဝင်စီး၊ ရွာသား ၁၀ ဦးထက်မနည်း ဖမ်း ဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်​ချောင်အုပ်စု၊ အောင်မိုး​ကျေးရွာကို ​အောက်တိုဘာ ၁၄ ရက် ညပိုင်းက စစ်​ကောင်စီတပ်​ဖွဲ့ဟာ ​သေနတ်ပစ်​ဖောက်ဝင်လာပြီး ​ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညပိုင်း ၈ နာရီ​ကျော်က စစ်​ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်​လောက်ဟာ ​​သေနတ်တွေ ပစ်​ဖောက်ပြီး ဝင်လာတာ​ကြောင့် ​ဒေသခံပြည်သူ​တွေ ​ကြောက်လန့်တကြီး ထွက်​ပြေးကြရာက​နေ ရွာသား ၁၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်​တွေဟာ ​ကျေးရွာအတွင်းက အိမ်တစ်အိမ်မှာ PDF ​တွေရှိတယ်ဆိုပြီး သတင်း​ပေးမှု​ကြောင့် ဝင်လာတာလို့သိရပါတယ်။

ရိုက်နှက်ဖမ်ဆီးခံခဲ့ရတဲ့ ရွာသားတွေကို လတ်တလော  ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ရွာသားတွေက ဆိုပါတယ်။

​အောင်မိုး​ကျေးရွာဟာ စစ်မှုထမ်း​ဟောင်းအများစု​နေထိုင်တဲ့ ​အောင်​ဇေယျမြို့သစ်ရပ်ကွက် အနားမှာရှိပြီး  ဒီက​နေ့ အောက်တိုဘာ ၁၅ ရက်မှာလည်း စစ်​ကောင်စီတပ်​တွေ ထပ်မံလာရောက်မယ်ဆိုတဲ့သတင်း​ကြောင့် ​ဒေသခံပြည်သူ​တွေ ​နေအိမ်​တွေမှာမ​နေရဲဘဲ ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s