ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်း၊ ကယား အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင် စီကို ပြည်သူများက ပြင်းပြင်းထန်ထန် ခုခံတော်လှန်စစ်များ ဆင်နွှဲနေ၊ ပျူစောထီးတချို့ PDF ထံမှာလက်နက်ချ အလင်းဝင်

ယနေ့ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီကို ပြည်သူများက ပြင်းပြင်းထန်ထန် ခုခံတော်လှန်စစ်များ ဆင်နွှဲနေပြီး ထူးခြားချက်အနေဖြင့် စစ်ကောင်စီဘက်တော် သား ပျူစောထီးတချို့ PDF ထံမှာလက်နက်ချ အလင်းဝင်လာခြင်းဖြစ်သည်။

မကွေးတိုင်း၊ စလင်းမြို့နယ်

=====================

မကွေးတိုင်း၊ စလင်းမြို့နယ် မြို့နယ်ရဲစခန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး(EPC)နှင့် စည်ပင်သာယာ ရုံးတို့ကို ယနေ့ည ၇ နာရီအချိန် PRA (Magway) အဖွဲ့က M79 ဗုံးပစ်လောင်ချာအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာပေါက်ကွဲမှုပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေလတ်အသံသတင်းဌာနက သတင်းဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်

=======================

အောက်တိုဘာလ(၁၄)ရက်နေ့တွင် မြောင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စီးလာသော စစ်ကား ၄ စီးကို မြောင်မြိုနယ်ပြည်သူ့ကာ ကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF–Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ၊ People Defense Force Yesagyo ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG)၊ Chaung U People’s Defense Force ၊ နှင့် Monywa People Defence Force – MPDF စတဲ့ မဟာမိတ် (၁၀) ဖွဲ့တို့ ပူးပေါင်းပြီး နေရာ(၂)ခုတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပထမမိုင်းခွဲမှုသည် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၉) နာရီခန့်အချိန် ပရိမ္မကျေးရွာ နှင့် အုန်နှဲဘုတ်ကျေးရွာကြား ဖြတ်သန်းနေသော စစ်ခွေးကား (၂) စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယမိုင်းခွဲမှုသည် မွန်းလွဲ ၂ နာရီခန့်တွင် ဆွဲလဲအိုကျေးရွာ နှင့် ဖွားစောကြား ဖြတ် သန်းသွားနေသော စစ်ကောင်စီကား ၂ စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်

===========================

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊(၅) ရပ်ကွက်၊ ပြည်လမ်းနှင့် နဂါးရုံဘုရားလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်

================================

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာအဝိုင်း၊ မြောက်ဥက္ကလာနှင့်ဒဂုံမြောက်ပိုင်းကို ဆက်သွယ်ထားသည့် တံတားလုံခြုံစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားပေါ်မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးထိမှန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ မကွေးမြို့

=======================

မကွေးမြို့ အောင်မေတ္တာရပ်ကွက် အဝိုင်းအနီး ဓမ္မာရုံနားမှာရှိသည့် ရဲကင်းကို PRA – Magway ( People’s Revolutionary Association) အဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့

=============================================

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ယနေ့နံနက် ၈နာရီဝန်းကျင် ဗန်းမော်မြို့ နန်းသီတာ မီးပွိုင့်အနီး အင်အားပြင်းဗုံးတစ်လုံး ပေါက်ကွဲကြောင်း ဒေသခံများမှ သိရသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်

===========================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် နောင်ကြီးအိုင်လမ်းပေါ်တွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင် စစ်ကောင်စီရဲကားနှစ်စီး မိုင်းခွဲခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲချင်းရွာနှင့် မကျီးကန်ရွာကြား မိုင်းခွဲခံရတာဖြစ်ပြီး အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။”ထိသွားတဲ့ မြေဩဇာတွေနဲ့ မြေဩဇာလောင်းတွေတင်ပြီး တစ်စီးက အရင် အရာတော်ပြန်လှည့်သွားတာ။ အဲ့ဒီကားပေါ်မယ် (၃)ကောင်လောက်ပဲ ထိုင်လိုက်သွားနိုင်တယ်။ ကျန်တဲ့ကောင်တွေက ပက်လက်ကြီးတွေ ပါသွားတာ။ ပွဲ ချင်းပြီးတဲ့ကောင်တွေ ရှိနိုင်တဲ့အပြင် ဒဏ်ရာရတဲ့ကောင်တွေလည်း တော်တော်နာ‌ပါတယ်။” ဟု ARA ပြန်ကြားရေးတာဝန်ခံက ပြောထားပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်

================================

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် စစ်ကောင်စီတပ်များ တပ်စွဲပြီး ဂိတ်ချထားသည့် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးကို ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀မိနစ်အချိန် ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည် မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီဂိတ်ချထားသည့် ပညာရေးမှူးရုံးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်

=======================

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ မီးရထားလမ်းတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲ၍ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးနေချိန် ဒုတိယဗုံး ထပ်မံပေါက်ကွဲသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပလိပ်မြို့နှင့် ဆည်ရွာအုပ်စုကြား မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းနေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်

=======================

ရွှေဘိုပြည်သူ့ကာကွယ်​ရေးအဖွဲ့ SMATH(သိမ်းငှက်)နှင့် Burmese Dragon Force ( BDF)အဖွဲ့တို့မဟာမိတ်အဖြစ်ပူးပေါင်းကာ အောက်တို ဘာလ ၁၃ ရက်နေ့တွင်​​ရွှေဘိုမြို့မှ​ကျောက်​မြောင်းမြို့သို့ဖြတ်သန်းသွား​သောစစ်​ကောင်စီကားတစ်စီးကိုတအုံနှင့်အုံး​ပေါက်ကြားတွင်ည​နေ ၄ နာရီ ၄၀ မိနစ်အချိန်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်

==============================

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တော်ပျောက်တိုက်နယ်က ဝင်းကဖော်ရွာတွင် စစ်တပ်နှင့်ပျူစောထီးအချင်းချင်းပစ်ခတ်ပြီး ၄ ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သရက်ချောင်းအခြေစိုက်ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်သည်။အဆိုပါပစ်ခတ်မှုသည် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်

==========================

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုအောင်ချမ်းသာကျေးရွာမှ စစ်ကောင် စီသတင်းပေးဆိုသူ နိုင်ထွန်းသည် ယနေ့(​အောက်တိုဘာ ၁၄)နံနက်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်

=====================

PDF – South Monywa နှင့် မဟာမိတ် အဖွဲ့များဖြစ်သော Monywa Heroes Group, သံမဏိအဖွဲ့သားများ ပူးပေါင်း၍ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ် အချိန် တစ်ချိန်တည်း စစ်ဆင်ရေး (၃) ခု ပြုလုပ်ခဲ့ကြောင်း၊ အမြင့်လမ်းခွဲဘက်မှ ​ဗိုလ်ချုပ်လမ်းသို့အလာ နေရာတွင် ဖောက်ခွဲမူပြုလုပ်ရာစစ်ကားတစ်စင်း ရှေ့ခေါင်းခန်း ထိသွားခဲ့ကြောင်း၊ စစ်ကားပေါ်မှ ရမ်းသမ်းပစ်ခတ်ကြောင်း၊ မုံရွာစီးပွားရေးဘဏ်နားတွင်လည်း ဖောက်ခွဲမူအကြီးစား ပြုလုပ်ခဲ့ကြောင်း ၊ မြစ်ကမ်းအနီးတွင်လည်း ဖောက်ခွဲမှု ပြုလုပ်ရာ မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း မြစ်သားမြို့နယ်

=========================

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲ ဆေးရုံဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့ ညပိုင်း ဗုံးခွဲတိုက်ခိုက်ခံရကြောင်း၊ စစ် ကောင်စီသည် ကူမဲဆေးရုံအတွင်း တပ်စွဲထားပြီး ညပိုင်း အဆိုပါ ဆေးရုံဝင်းဆီမှ ပေါက်ကွဲသံကြားရကြောင်း၊ အသံဗုံး ပစ်ခံရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရသူ ရှိ၊မရှိကိုမူ မသိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်

=========================

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဇီးတောကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့်သည် လက်လုပ် တူမီး သေနတ်များအား YDF-ထီးလင်း ထံ အပ်နှံပြီး အလင်းဝင်ခဲ့ကြကြောင်း သတင်းရရှိသည်။ဇီးတောကျေးရွာရှိ ပျူစောထီးအဖွဲ့များမှ အောက်တို ဘာလ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် လက်လုပ်သေနတ်(တူမီး) (၂၄)လက်၊ ထိန်တိုင်းကျေးရွာမှ လက်လုပ်သေနတ် (တူမီး) (၁)လက် ပေါင်း (၂၅) လက် ကို YDF-ထီးလင်းထံ ကြည်ဖြူစွာအပ်နှံကာ အလင်းဝင်ခဲ့​ကြပြီး ၎င်းအဖွဲ့များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပြည်သူနှင့်အတူ ပူပေါင်းပါဝင်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြောင်း YDF သတင်းရင်းမြစ်ထံမှ သိရသည်။

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်

===========================

ဒီးမော့ဆိုမြို့နယ်၊ ဘက်သလင်နှင့် ဝမ်လထွားကျေးရွာများဘက်သို့ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်

=========================

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ လုံပီးကျေးရွာနှင့် တလန်းရော်န်ကျေးရွာကြားရှိ စစ်ကောင်စီတပ်ဖွဲ့အား ယနေ့နံနက် ၁၁ နာရီခန့်တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ ဖလမ်းအခြေစိုက် ခလရ ၂၆၈ စခန်းကုန်းမှ လက် နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှ သတင်းရရှိသည်။လုံပီးကျေးရွာနှင့် တလန်းရော်န်ကျေးရွာကြားတွင် စခန်းချရပ်နားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းအမျိုးသားတပ်ဦး CNA၊ CDF ပူးပေါင်းတပ်ဖွဲ့မှ နာရီဝက်ခန့် သွားရောက်ပစ်ခတ်ခဲ့ပြီး ချင်းအမျိုး သားတပ်ဦး CNA၊ CDF ဘက်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးစာရင်းအား မသိသေးကြောင်း CNA ပြောခွင့်ရ ဆလိုင်းထက်နီမှ ဒေသတွင်း သတင်းဌာနများသို့ ပြောဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s