ရပ်ကျေး စာရေးအားလုံး အောက်တိုဘာလကုန် နုတ်ထွက်ရန် ခရမ်း- PDF သတိပေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ပြီးနောက် ရပ်ကျေး စာရေးများအားလုံး အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထား နုတ်ထွက်ကြရန်နှင့် နုတ်မထွက်ပါက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM ) ပြုလုပ်ကြရန် ခရမ်း-PDF က သတိပေး ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအတွက် လုပ်ငန်းများကို အဓိကလုပ်ကိုင်နေသူများမှာ ရပ်ကျေးအုပ်ချုပ်ရေးရုံးမှ စာရေးများဖြစ်သည့်အ တွက် ၎င်းတို့၏ လုပ်ငန်းတာဝန်များ လုံးဝရပ်ဆိုင်းကာ နုတ်ထွက်ကြရန် အပြင်းအထန်သတိပေးကြောင်း ယနေ့ အောက်တိုဘာ ၁၄ရက် ရက် စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် နုတ်ထွက်ခြင်း သို့မဟုတ် CDM ပြုလုပ်ပြီး ပြည်သူ့အစိုးရလက်ထက်တွင်မှ မူလရာထူးအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။နုတ်ထွက်ခြင်းမရှိဘဲ ကျန်ရှိနေသည့် ရပ်ကျေး စာရေးများကိုလည်း သစ္စာဖောက် ဒလန်အကြီးစားဟု သတ်မှတ်မည်ဟု ခရမ်း-PDF က သတိပေးထားသည်။

ခရမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၃ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၆ ရွာမှ အုပ်ချုပ်ရေးမှူးအားလုံး ရာနှုန်းပြည့် နုတ်ထွက်ပြီး ဖြစ်သည်။ ထိုသို့နုတ်ထွက်မှုအပေါ် ဝမ်းမြောက်ကြောင်းနှင့် နွေးထွေးစွာကြိုဆိုကြောင်း ခရမ်း-PDF ကဆိုထားပြီး “အုပ်ချုပ်ရေးမှူးအားလုံးကို ကျွန်ုပ်တို့မှ မပြတ်စောင့်ကြည့် လေ့လာနေပါသည်။

ပြည်သူလူထုအပေါ် သင်တို့၏ နုတ်ထွက်မှုကို ပွင့်လင်းစွာချပြ၍ ပြတ်သားစွာ နုတ်ထွက်ကြဖို့လိုပါသည်။ စစ်ကောင်စီနှင့် လုံးဝဆက်ဆံခြင်း မပြုကြရန် သတိပေးအပ်ပါသည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီမှလည်း ယခုနုတ်ထွက်သော အုပ်ချုပ်ရေးမှုးများနေရာတွင် အစားထိုး၍ အုပ်ချုပ်ရေးမှုးအသစ်များထပ်မံခန့်အပ်နေပြီး (၂) ရက်ကွက်၊( ၃)ရပ်ကွက်၊ (၄)ရပ်ကွက်၊ (၅)ရပ်ကွက်နှင့် (၁၂ ) ရပ် ကွက်တို့တွင် အစားထိုးခန့်အပ်ထားပြီး ထပ်မံခန့်အပ်ရန်လည်း လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။

ထိုအုပ်ချုပ်ရေးမှူး အသစ်များနှင့် ပတ်သက်၍လည်း “စစ်ကောင်စီက အစားထိုးခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများကို ထပ်မံသတိပေးတော့မည် မဟုတ်ဘဲ ပြည်သူ့ဆန္ဒအတိုင်းသာ အရေးယူဆောင်ရွက်သွားမည်” ဟု ခရမ်း-PDF က ဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ရက်က ရိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနုတ်ထွက်ခဲ့ပြီးနောက် ခရမ်းမြို့တွင် အုပ်ချုပ်ရေးမှူးများ ရာနှုန်းပြည့် နုတ်ထွက်သွားပြီးဖြစ်ရာ ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူးအားလုံးနုတ်ထွက်သော ပထမဆုံးမြို့လည်းဖြစ်သည်။ တစ်ချိန်တည်းတွင် NUG ၏ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ)ကိုလည်း ခရမ်းမြို့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s