လူသတ်မီးရှို့သည့် ဖက်စစ် စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပြော

ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း ရဟန်းရှင်လူပုဂ္ဂိုလ်များကို နေ့စဉ်နှင့်အမျှ အဓမ္မဖမ်းဆီးသတ်ဖြတ်ကာ အများပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တိုက်ခိုက်ခံသွားမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာသည်။

‘အာဏာကို လက်နက်အားကိုးဖြင့် မတရားရယူထားပြီး ပြည်ထောင်စုတဝှမ်းလုံးရှိ ရဟန်းရှင် လူပုဂ္ဂိုလ်များကို နေ့စဉ်နှင့်အမျှ အဓမ္မဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသော စကစတပ်များသည် ချင်းပြည်နယ်ဖလမ်းမြို့နယ်၊ သူဖေကျေးရွာရှိ အပြစ်မဲ့ ရွာသားနှစ်ဦးကို လူမဆန်စွာ ယမန်နေ့က ပစ်သတ်ခဲ့ကြောင်း၊ ရမ်းကားသော စကစတပ်သားများသည် ၄င်းတို့ခြေချရာလမ်းတလျှောက် ကျေးရွာများရှိ ပြည်သူများကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန် များ၊ လူအသုံးအဆောင် ပစ္စည်းများကို လုယက်ခြင်းစသည်တို့ကို ကျူး လွန်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် ဖလမ်းမြို့နယ်၊ ရီလ်သီးကျေးရွာရှိ ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နှင့် တလန်ရောန်ကျေးရွာရှိ လူနေအိမ် (၁၂) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း’ CNO/CNDF ကြေငြာချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်တပ်က ချင်းတိုင်းရင်းသား အမျိုးသား ၂ ဦးကို မကြာသေးမီးက သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချင်း ပြည်နယ်၊ ဖလမ်းမြို့နယ်၊ သူဖယ်ကျေးရွာမှ ရွာသားနှစ်ဦးဖြစ်ကြသည့် အသက် ၂၉ နှစ်အရွယ် ထောင်လွန်မာန်နှင့် အသက် ၃၄ နှစ်အရွယ် ဆလိုင်းထောင်နေမောတို့ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများမှ ပစ်သတ်ခဲ့ပြီး ၎င်းတို့နှစ်ဦး၏ရုပ်အလောင်းများကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် လမ်းဘေး၌ တွေ့ရှိခဲ့ကြောင်း ၊ထောင်လွန်မာန်တွင် မျက်လုံး သေနတ်ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရပြီး ဆလိုင်းထောင်နေမောတွင် ဝမ်းဗိုက်၌ သေနတ်ဒဏ်ရာ လေးချက်ဖြင့် ပြန်လည် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

လူမဆန်သောလုပ်ရပ်များ၊ စစ်ရာဇဝတ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များကို ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အနေဖြင့် လက်တုန့်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဖလမ်းမြို့မှ ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား လုံပီးကျေးရွာနှင့် တလန်ရောန် ကျေးရွာကြားတွင် CNDF၊ CDF တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သလို ဟားခါးမြို့ နှီးရ်လောမ်ရွာအနီး စစ်ကောင် စီတပ်အား CNA၊ CDF တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s