Monthly Archives: Oct 2021

ကသာမြို့နယ်က အင်းရွာရဲစခန်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နဲ့   ၇ မိုင်လောက်ဝေးတဲ့ အင်းရွာကျေးရွာ ရဲစခန်း   အောက်တိုဘာ  ၁၅ ရက် ည ၁၀ နာရီဝန်းကျင်က ဝင်ရောက် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့နယ်ထဲက  တိုက်နယ်ရဲစခန်းတွေမှာ  နေ့ပိုင်း  ကင်းစောင့်ထားပြီး ညပိုင်း ကသာမြို့မရဲစ ခန်းမှာသာ အင်အားဖြည့်တင်းထားလို့  ကသာရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “အဲဒီရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ယောက်မှ CDM ထဲမပါဘူး။ အဲဒီရဲစခန်းကို ရဲတွေက မနက်ပိုင်း ကားနဲ့လာစောင့်တယ်။ ညပိုင်းဆိုကားနဲ့ ကသာကို ပြန်တယ်။ လူထိခိုက်တာတော့မရှိဘူး စခန်းကတော့ မီးလောင်သွားပြီ”လို့ ပြောပါတယ်။

အဲ့ဒီလို ဝင်ရောက်တိုက်ခိုက်တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့  Fox Army HPDF အဖွဲ့က ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်သားတစ်ဦး  သေဆုံးသွားတယ်လို့လည်းဆိုပါတယ်။

“အဲ့ဒီရဲစခန်းက ရဲတွေအကုန်လုံးပြောင်းထားတယ်။ ပြောင်းထားတာ အတော်ကြာပြီ။ အဲဒီမှာ အစောင့်လောက်ပဲထားတယ်။ အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲတော့မဖြစ်ပါဘူး။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အင်းရွာကျေးရွာရဲစခန်းက ရဲတပ်ဖွဲ့ဟာ  CDM လှုပ်ရှားမှုမှာ တစ်ဦးမှ  ပါဝင်တာ မရှိလို့  မီးရှို့ဖျက်ဆီးတာလို့လည်း မြေခွေးတပ်မတော် Fox Army-HPDF က ထုတ်ပြန်ပါတယ်။DVB

ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် စစ်ကောင်စီ တပ်ဘက်မှ ၄ဉီးသေ၊ ၁၅ယောက်ဒဏ်ရာရဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ချင်းတော်လှန်ရေးတပ်မဟာမိတ်အဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က လေးဦးကျဆုံးပြီး ၁၅ ဦးဒဏ်ရာရသွားခဲ့သည်ဟု သိရသည်။

ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းကာ ကွယ်ရေးတပ်များဖြစ်သည့် CNDF ၊ CDF တို့နှင့် စစ်ကောင်စီတပ်တို့သည် နံနက် ၁၁နာရီခန့်တွင် ဖလမ်းမြို့ မှ ၁၂မိုင်အကွာ ဖလမ်း-ဟားခါးလမ်းမကြီးပေါ်ရှိ ထလန်ရော် Thlanrawn ကျေးရွာနှင့် တာလ် Tal ကျေးရွာအကြားတွင် ပိတ်မိနေသည့် စစ်ကောင်စီယာဉ် ခုနှစ်စီးအားတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး ၁၅ယောက်ဒဏ်ရာရသွားကြောင်း ချင်းတော်လှန်ရေးမဟာမိတ်များဘက်က ပြောသည်။ ယနေ့တိုက်ပွဲသည် အောက်တိုဘာ ၁၄ရက်နေ့ ဖလမ်းမှ ဟာခါးသို့ထွက်ခွာလာ သည့် စစ်ကောင်စီကား ၆၀နှင့် သံချပ်ကာစစ်သည်တင်ယာဉ်နှစ်စီးအား CNA နှင့် CDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် ပိတ်မိခဲ့သည့် ကားများ ဖြစ်သည်။

“သူတို့က ဟာခါးကို သွားကြမှာ။ အဲဒီမှာက နမခ (အနောက်မြောက်တိုင်းစစ် ဌာနချုပ်) ဒုတိုင်းမှူး မျိုးထွဋ်လှိုင် ကိုယ်တိုင် ထိုင်နေတာ။ အဲဒီကမှာ ဗျူဟာ ချပြီး ကျွန်တော်တို့ကို တိုက်ခိုက်ကြလိမ့်မယ်။ ချင်းတောင်ပေါ်ကို အခုလို ကားအစီး၆၀ကျော်လာတယ်ဆိုတာ အတော်ရှားတယ်။ ကားတွေပေါ်မှာ လူတွေချည်းပဲမဟုတ်လောက်ဘူး ။ ရိက္ခာတွေရောပါလာနိုင်တယ်။ သဘောက တော့ လူရိက္ခာစုဆောင်းပြီးမှ ရေရှည်ထိုးတော့မယ်လို့မြင်တယ်။

အဲဒီတော့ ကျွန်တော်တို့ကတော့ ဟားခါးရောက်မသွားအောင်အတတ်နိုင်ဆုံး တားသွား မယ်” ဟု CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ အောက်တိုဘာ ၁၅ရက် ယမန်နေ့က ဟာခါးမြို့မှ စစ်ကူလာသော စစ်ကောင်စီ ယာဉ် တန်အား မြို့အပြင်တွင် CNA နှင့် CDF ပူပေါင်းတပ်ဖွဲ့ဝင်များ ဆီးကြို တိုက်ခိုက်ရာ တစ်ယောက်သေကာ တစ်ယောက်ဒဏ်ရာရလျက် ပြန်လှည့်သွား ခဲ့ကြောင်းသိရသည်။

ဖလမ်းမှ ဟာခါးကြားတွင် ပိတ်မိနေသော စစ်ကောင်စီတပ်သည် အောက်တို ဘာ ၁၃ရက်နှင့် ၁၄ရက်နေ့များတွင် ရာလ်သီး Rialti ရွာ နေအိမ် ၁၃ လုံးနှင့် ဘုရားကျောင်းတင်မီးရွှိ့ခဲ့ပြီး ထလန်ရော်လ် Thlanrawn ရွာတွင် နေအိမ် ၁၀လုံး ကို မီးရှို့ဖျက်ဆီးခဲ့သူများလည်းဖြစ်ကြသည်။mizzima

ပျဉ်းမနား မြဝတီဘဏ်နှင့် မုံရွာ ကမ္ဘောဇဘဏ် ဗုံးကွဲ၊ စစ်သား ၂ ဦး သေဆုံး

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်ကို အောက်တိုဘာ ၁၅ ရက် ည ၈ လောက်က ဗုံးခွဲခံရလို့ ဘဏ်ရှေ့မှာ စောင့်နေတဲ့ အစောင့်စစ်သား ၂ ယောက်  သေဆုံးသွားတယ်လို့ သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Nay Pyi Taw – PDF) က လုပ်ဆောင်ခဲ့တာလို့ ထုတ်ဖော်ပြောပါတယ်။

နေပြည်တော် PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ”ပျဉ်းမနားက စစ်ကောင်စီရဲ့ မြဝတီ ဘဏ်ကို မနေ့က ညဦးပိုင်းက ဗုံးဖောက်ခွဲတိုက် ခိုက်ခဲ့လို့ အကြမ်းဖက်စစ်တပ်က ၂ ဦး  သေတယ်”လို့ အတည်ပြုပြောပါတယ်။

ပျဉ်းမနားမြို့နယ်က မြဝတီဘဏ်ဗုံးခွဲခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အစောင့်တပ်သား ၂ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ဖို့ ပျဉ်းမနားမြို့က မြဝတီဘဏ်ကို ဆက်သွယ်ခဲ့ပေမဲ့ ”ဘဏ်လုပ်ငန်းကလွဲပြီး ဖြေဆိုခွင့်မရှိပါဘူး” လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းနဲ့ ရန်ကင်းလမ်းထောင့်က ကမ္ဘောဇဘဏ်မှာ လည်း အောက်တိုဘာ ၁၆ ရက် ဒီမနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ Red Code Revolution Team နဲ့  MONYWA YOUNG PEOPLE GROUPE(MYPG), Northwest Plains Revolutionary forces-NPRF မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး ဖောက်ခွဲတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို ဖောက်ခွဲရတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအချက်အလက် ပေါက်ကြားတာနဲ့ ဘဏ် အကောင့်တွေ ပိတ်ပင်ခံရတာတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။DVB

ကလေးလေဆိပ်ပြန်ဖွင့် လေယာဉ်စီးခရီးသည်များပြား

ငါးလကြာပိတ်ထားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကလေဆိပ်ကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ခရီးသည် အပြည့်ဖြင့် လေယာဉ်တစ်စီး စတင်ဆင်းသက်ခဲ့သည်။“ ဒီနေ့ ကလေး လေဆိပ်စဖွင့်ပြီး MNA ကလေယာဉ်တစ်စီးစဆင်းတယ်။ အသွားရော အပြန်ရော လူအပြည့်ပါပဲ။

တပတ်ကို အင်္ဂါ၊ ကြာသပတေး၊ စနေ သုံးရက်ပြေးဆွဲမှာပါ။ လာမည့် အင်္ဂါနေ့အတွက် ကလေးကနေ ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်တွေ အကုန်ရောင်းကုန်သွားပါပြီ။ မကြာခင် AIR KBZ လည်း ဆင်းမယ်လို့ သိရတယ် ” ဟု ကလေးမြို့ရှိ လေယာဉ်လက်မှတ် အရောင်းဌာနမှာ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ဇွန်လနှောင်းပိုင်းက စတင်၍ COVID-19 ရောဂါ အခြေအနေကြောင့် ပိတ်ထား ခဲ့သည့်လေဆိပ်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်ကောင် စီတပ်သုံး လေယာဉ်များသာ မကြာခဏဆင်းသက်မှုမတိုင်မိအထိ ခြောက်ကပ်နေခဲ့သည်။

ဒေသခံတစ်ဦးကတော့ “ နေ့လယ် ၁ နာရီက ကလေးလေဆိပ်ကို လေယာဉ်စ ဆင်းတယ်။ လေဆိပ်မှာ စစ်သားတွေ ရဲတွေတော့ အများကြီးပဲ လုံခြုံရေးယူ ထားတယ် ” ဟု မဇ္ဈိမကိုပြောသည်။မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ကလေးမြို့ နှင့် ကော့သောင်း ခရီးစဉ်များကို Embraer 190၊ATR 72-600 လေယာဉ်များဖြင့် ယနေ့မှ စတင် ပြီး ပြန်လည်ပြေးဆွဲကြောင်း လေကြောင်းလိုင်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ကြေညာထားသည်။

ခရီးသွားရောက်လိုသူများအနေဖြင့် ပြည်သူ့ဆေးရုံတွင် COVID-19 စစ်ရမှာ ဖြစ်ပြီး ရောဂါရှိကြောင်း တွေ့ရှိပါက ခရီးသွားခွင့်မပြုသော် လည်း လက်မှတ်ဖိုး အပြည့်ပြန်အမ်းသွားမှာဖြစ်သည်ဟု လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးက နေရာအနှံ့အပြားတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး အကျ အဆုံးများစွာရှိနေသော စစ်ကောင်စီဘက်မှ ရာပေါင်းများစွာသော စစ်အင်အား တိုးမြှင့်ချထားသည်။mizzima

ထီးချိုင့်မြို့နယ်တွင် ဒလန်ဟု ကျော်ကြားသူ ၃ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဝဲကြီးကမ်းနီနဲ့ ကျောင်းလမ်းရွာက စစ်ကောင်စီ သတင်းပေး ဒလန်လို့ ကျော်ကြားသူ သုံးယောက်   အောက် တိုဘာ ၁၅ ရက် ညက သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒလန်လို့ နာမည်ထွက်နေတာကြာပြီ။ အသတ်ခံရတာက ဝဲကြီးက ချစ်ကိုတို့ လင်မယားနဲ့ ကျောင်းလမ်းက ကျော်လှတို့ သတ်ခံရတာ။ ဒလန်လုပ်ခြင်း၊မလုပ်ချင်းတော့ ကာယကံရှင်တွေပဲ သိ လိမ့်မယ်” ကျောင်းလမ်းရွာခံတစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ် လေသာရွာမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာ ကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး နယ်မြေခံရဲစခန်း ၂ ခုကိုလည်း ထီချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

လှိုင်သာယာ ( ၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးကား ဖောက်ခွဲခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆိုသူ၏ Honda Fit ကားကို ယနေ့ အောက်တိုဘာ ၁၆ ရက် နေ့လည် ၂နာရီ မိနစ်၂၀ ခန့်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲလိုက်သည်ဟု Free Tiger Ranger အဖွဲ့ တာဝန်ရှိသူက ပြောသည်။

(၁၈ )ရပ်ကွက်၊ ရွှေရင်အေး ဈေးလမ်းတွင် ရပ်ထားသည့် ဦးမောင်မောင်၏ ကားကို လက်လုပ်မိုင်း ဖြင့် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။ “အုပ်ကြီးကားကို လက်လုပ်မိုင်းနဲ့ ခွဲခဲ့တယ်။ သူ့ကားက အဲဒီနားမှာ ရပ်ထားတာ Honda Fit ကား အမျိုးအစားပဲ ” ဟု Free Tiger Ranger အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးဘဲ ပေါက်ကွဲရာ နေရာသို့ စစ်ကောင်စီ တပ်သားများ ခဏအတွင်း ရောက်လာပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။ “မောင်မောင်က အာဏာရူးလေ။ အုပ်ကြီး အတင်းတက်လုပ်တာ။ သူ့ကြောင့် တက်ကြွလူငယ် အချို့ အဖမ်းခံရတယ်။

မောင်မောင်ဆိုတာ စစ်အစိုးရခေတ်က ရပ်ကွက် ရေတုံကင် နေရာတွေကို အကွက်ရိုက်ပြီး ရောင်းစားခဲ့တဲ့ ကောင်ပေါ့။ ရပ်ကွက်နေ ပြည်သူတွေက သူ့ကို ကြောက်ကြတော့ သူ့ကို မကျေနပ်ပေမယ့် ပေါ်တင် မပြောရဲကြဘူးခင်ဗျ ” ဟု အဆိုပါ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလ ပန်းခြံ လမ်းဒေါင့်ရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကိုလည်း Free Tiger Ranger (ပုဇွန်တောင်မြို့နယ်ခွဲ) အဖွဲ့က အောက်တိုဘာ ၁၅ရက်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့သည်။mizzima

မကွေးနှင့် စစ်ကိုင်းတွင် စစ်ကောင်စီလက် အောက်ခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး CDM ပြုလုပ်

မကွေးတိုင်း၊ ဆောမြို့၊ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ရဲတပ်ဖွဲ့တစ်ဦးနှင့် တပ်မတော်သား တစ်ဦး စုစုပေါင်း သုံးဦးတို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်နှင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တို့က အသီးသီး သတင်းထုတ်ပြန် သည်။

ယောဒေသ ကာကွယ်ရေးတပ်များ အားကောင်းရာ ဒေသ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၊ မြို့မရဲ စခန်းက ရဲတပ်သား ငြိမ်းမောင်သည် အောက်တိုဘာလ ၁၄ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြောင်း ယောဒေသ ကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့က ထုတ်ပြန်သည်။ ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် ရဲတပ်သားငြိမ်းမောင်ကို ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် တွင် လွတ်မြောက်နယ်မြေသို့ ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နောက်နောင်တွင် စစ်လက်နက် အပြည့်အစုံနှင့်တကွ YDF (ဆော၊ ကျောက်ထု) အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သော ဆုကြေးငွေကို ပေးအပ်၍ လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ ပို့ဆောင်ပေးမည်” ဟု YDF (ဆော၊ ကျောက်ထု) အဖွဲ့က ကြေညာထားသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ အရာတော် မြို့မ ရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ်ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

CDM လုပ်ခဲ့ကြသော ၎င်းတို့ နှစ်ဦးကို ယမန်နေ့ အောက်တို ဘာလ ၁၅ ရက်တွင် လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီနှင့် လမ်းခွဲပြီး လူထုနှင့် ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အ ထိပါ တာဝန်ယူမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကတိပြု ပြောကြားထားသည်။mizzima

ထန်တလန်မြို့တွင်း တိုက်ခိုက်မှု ရဲတစ်ယောက်သေ

ထန်တလန်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CDF-Thantlangတို့ အောက်တိုဘာလ ၁၅ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲ ၁ဦး သေဆုံးခဲ့ကြောင်း CDF-Thantlang အဖွဲ့က သိရသည်။

“အောက်တိုဘာလ ၁၅ရက်နေ့တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ CDF-Thantlang ရဲဘော်များ မြို့တွင်းတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား တစ်ဦးသေဆုံးပြီး မိမိတို့ CDF ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပေ” ဟု CDF-Thantlang အဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲက ပြည်သူ့ဖက်သို့ မပူးပေါင်းလိုသည့် စကစတပ်သားများ၊ စကစလက်အောက်ခံ ရဲတပ်သားများ အား CDF-Thantlang မှအချိန်မရွေး တွေ့သည့်နေရာတွင် ပစ်ခတ်မည် ဖြစ်ကြောင်း CDF-Thantlang အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။khit thit

« Older Entries