Monthly Archives: Oct 2021

ပြောက်ကျားအဖွဲ့က လှိုင်မြို့နယ်ရှိ တပ်မ တော်ဒန်သတ္ထုစက်ရုံ အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲဟုဆို

ရန်ကုန် လှိုင်မြို့နယ်အတွင်းရှိ တပ်မတော်ဒန်သတ္ထုစက်ရုံကို ယနေ့ညနေက အဝေးထိန်းဗဲုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျား တပ်ဖွဲ့တစ်ခု အပြောအရ သိရသည်။

လှိုင်မြို့နယ် (၁၃) ရပ်ကွက်ရှိ ဒန်သတ္ထုစက်ရုံကိုဖောက်ခွဲပုံနှင့်ပတ်သက်၍ ” အဝေးထိန်းအရင်ထားပြီး လက်လုပ်နဲ့ပစ်တာ၊ လက်လုပ်ကမိုးအရမ်းသည်း တော့ ရေမိသွားတယ်ထင်တယ် မပေါက်သွားဘူး။ အမှန်က လက်လုပ်နဲ့ပစ်ပြီး လာစစ်တဲ့ကောင်တွေကို ဖောက်ခွဲဖို့ပါ။

လက် လုပ်မအောင်တော့ အဝေးထိန်းပဲ ဖောက်ခဲ့လိုက်ရတာပါ။” ဟု Rangoon Urban Revolutionaries (RUR)၏ ပြောရေးဆိုခွင့်ရရှိသူက ပြော သည်။ ပျက်စီးဆုံးရှုံးမှုပမာဏနှင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကို အတိအကျမသိရှိ ရသေးကြောင်းနှင့် စစ်ကောင်စီတပ်များက အဆိုပါစက်ရုံတွင်တပ်စွဲကာ အနီး အနားရပ်ကွက်ထဲတွင်လူဝင်ဖမ်းလေ့ရှိသောကြောင့် တိုက်ခိုက်မှုလုပ်ရခြင်းဖြစ် သည်ဟု ဆိုသည်။

ဧပြီလအတွင်းက ဖွ့ဲစည်းခဲ့ပြီး လုံခြုံရေးကြောင့် အမည်ပြောင်းလာခဲ့သော RUR သည် ရန်ကုန်တွင် လှုပ်ရှားမှုများလုပ်ကာ ဒလန် ၁၁ ယောက်နှင့် ဖောက်ခွဲရေး အကြိမ် ၂၀ ကြားလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ mizzima

အမေရိကန်သတင်းသမား Danny Fenster ၏ အမှုနှစ်ခုစလုံး Myanmar Now နှင့် ပတ် သက်နေ 

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က အပြင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထပ်တိုးတရားစွဲဆိုထားရာ အမှုနှစ်ခုစလုံး Myanmar Now နှင့် ပတ်သက်နေသည်ဟု ဖမ်းဆီးခံ အမေရိကန်သတင်းသမား၏ ရှေ့နေက ပြော သည်။ 

ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်၍ ယခုကဲ့သို့ တရားစွဲခြင်းဖြစ်ကြောင်း တိုင်စာတွင် ဖော်ပြထားသည်ဟု Danny Fenster ၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“တားမြစ်ထားတဲ့နောက်ပိုင်း လူမှုကွန်ရက်တွေကနေတစ်ဆင့် အခြားနည်းပညာတွေသုံးပြီးတော့ NUG ၊ CRPH တို့ရဲ့ သတင်းတွေကို ဖော်ပြတယ်၊ အဲ့လိုဖော်ပြခြင်းအားဖြင့် သူတို့ရဲ့လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုရာရောက်တယ်၊ အဲဒီအတွက် Myanmar Now က တာဝန်ရှိသူတွေကို အရေးယူပေးပါ၊ အဲဒီထဲမှာ Danny နာမည်ပါတယ်၊ Myanmar Now ကတစ်ယောက်အနေနဲ့ တရားစွဲတာ” ဟု ၎င်းက ပြောသည်။

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူ Danny Fenster မှာ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၌ အုပ်ချုပ်မှုအယ်ဒီတာလုပ်ကိုင်ရင်း မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ် ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသည်မှာ လေးလကျော်ရှိပြီဖြစ်သည်။

Myanmar Now သတင်းဌာနအပါအဝင် Mizzima၊ DVB၊ 7Day နှင့် ခေတ်သစ် စသည့် သတင်းဌာနငါးခုကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း မတ်လ ၉ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုမတိုင်မီ မတ်လ ၈ ရက်တွင် ပန်းဘဲတန်းမြို့နယ်ရှိ Myanmar Now သတင်းဌာနရုံးခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်များ ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့စီးနင်းခံရစဉ် မည်သူတစ်ဦးတစ်ယောက်မျှ အဖမ်းမခံခဲ့ရပေ။ 

အသက် ၃၇ နှစ်အရွယ် အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက အမှုနှစ်ခုဖြင့် တရားစွဲဆိုပြီးနောက် ရုံးထုတ်စစ်ဆေးခဲ့သည်မှာ ၁၅ ကြိမ်ရှိပြီဖြစ်ကာ အောက်တိုဘာ ၁၅ ရက်က ရုံးချိန်းတွင် အာမခံလျှောက်ထားသည့် ၅၀၅−က အမှုအတွက် လျှောက်လဲချက်ပေးခဲ့ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

“သူ့ရဲ့ ၅၀၅-က အမှု အာမခံလျှောက်လဲချက်ပေးတယ်။ ၁၇(၁) အမှုအတွက် ပါဝါတင်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ Danny Fenster ကို အောက်တိုဘာ ၂၇ တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပထမစွဲဆိုခဲ့သည့် ပုဒ်မ ၅၀၅−က အမှုသည်လည်း Myanmar Now နှင့် ပတ် သက်၍ စွဲဆိုခြင်းဖြစ်ကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“၅၀၅-ကလည်း Myanmar Now နဲ့ ပတ်သက်ပြီး စွဲတာပဲ။ ၁၇(၁) လည်း Myanmar Now နဲ့ ပတ်သက်ပြီး Myanmar Now တာဝန်ရှိသူတစ်ယောက်အနေနဲ့ စွဲတာ” ဟု ၎င်းက ပြောသည်။

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ် ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့် အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာ ၃၀ ရက်က သတင်းစာရှင်း လင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ 

Danny Fenster သည် Myanmar Now သတင်းဌာနတွင် ၂၀၁၉ နှစ်လယ်ပိုင်းမှ ၂၀၂၀ ဇူလိုင်လကုန်အထိ အင်္ဂလိပ်ပိုင်းအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် Frontier Myanmar မဂ္ဂဇင်းသို့ ပြောင်းရွေ့လုပ်ကိုင်ခဲ့သည်။ 

စစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခံထားရသူ Danny Fenster သည် သတင်းခန်းစီမံခန့်ခွဲမှုနှင့်သော်လည်းကောင်း၊ အယ်ဒီတာအလုပ်မဟုတ်သော အခြားလုပ်ငန်းများနှင့်သော်လည်းကောင်း လုံးဝပတ်သက်ခြင်း မရှိကြောင်း Myanmar Now က ထုတ်ပြန်ထားပြီးဖြစ်သည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သ တင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင် ဆိုင်နေရသူများလည်း ရှိသည်။ myanmar now

ဒုက္ခမျိုးစုံရောက်နေသည့် မြန်မာနိုင်ငံအတွက် အလှူငွေကောက်ခံပွဲ ဂျပန် အိုဆာကာမြို့တွင် ပြုလုပ်၊ ဂျပန်ကျောင်းသူများ ပူးပေါင်းပါဝင်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ Kyoubashi ဘူတာအနီးတွင် Kansai ကျောင်းသားကွန်ရက်နှင့် Burma Relief Center ဂျပန်တို့ ပူးပေါင်းကာ အောက်တိုဘာလ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လှူဒါန်းရန် ရံပုံငွေ ကောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။အဆိုပါ ရံပုံငွေကောက်ခံပွဲတွင် ဂျပန်အ ထက်တန်းနှင့်အလယ်တန်းကျောင်းသူများအပြင်၊ ဘွဲ့လွန်တက်ရောက်နေသော ဂျပန်ကျောင်းသူ ၁၀ယောက်ကျော်ခန့်က ပူးပေါင်းပါဝင်ခဲ့ကြသည်။ယခုရရှိလာသော အလှူငွေများကို တိုင်းရင်းသားဒေသများရှိ လိုအပ်နေသော‌ နေရာများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUGတို့ထံ ပေးအပ်သွားမည်ဟု သိရသည်။khit thit

ကန့်ဘလူနယ်ပြောက်ကျားများက ရဲဆိုင်ကယ်များကို ဗုံးခွဲတိုက် ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ်တွင် ပြောက်ကျားတပ်ဖွဲ့၏ မိုင်းခွဲတိုက် ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံရဲများ ဒဏ်ရာရရှိသွားကြောင်း ပြောက်ကျားတပ်ဖွဲ့ဘက်က ပြောသည်။ ယနေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာမြောက်ဘက် လမ်း တွင် ဆိုင်ကယ်လေးစီးဖြင့် သွားနေကြသော ထန်းကုန်းရဲစခန်းမှ ရဲရှစ်ဦး ကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Kanbalu Underground warriors အဖွဲ့က ပြောသည်။

” ဆိုင်ကယ်တွေလဲပြီး ထိခိုက်ဒဏ်ရာရကြတယ်။ ကျွန်တော်တို့ မျက်မြင်အရ အသေအပျောက်မရှိဘူး။ ” ဟု အဖွဲ့၏တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။” မိုင်းကွဲတော့ အသံကြားတော့ အင်းလယ်ကြီးက ပျူစောထီး လေးယာက် ရောက်လာပီး ကန့်ဘလူ ကုတင်၁၀၀ကို ခေါ် သွားကြတယ်လို့ သိရတယ်။” ဟု သူက ဆက်ပြောသည်။

အင်းလည်ကြီးရွာသည် ကန့်ဘလူ၏ အရှေ့တောင်ဘက်ခြောက်မိုင် အကွာတွင် တည်ရှိပြီး ထန်းကုန်းရွာနှင့် လေးမိုင်သာကွာဝေးသည်။အိမ်ခြေ ၇၀၀ ခန်ရှိ အင်းလယ်ကြီးရွာတွင် စစ်ကောင်စီတပ်သတင်းပေးဟု လူသိများသူတစ်ဦး အသတ်ခံရမှုဖြစ်ပွားပြီးနောက် ရဲများလိုက်လာခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်က အာဏာသိမ်းစစ်ကောင်စီနှင့်မဟာမိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သူ ကိုဆန်းဦးကို ပြောက်ကျား အဖွဲ့ဝင်ခြောက်ဦးက အိမ်နောက် ဘေးတန်းလျားတွင် ဝင်ရောက် ပစ်ခတ်လုပ်ကြံခဲ့သည်။” သူ့မိန်းမရဲ့လက်မောင်းကိုဖောက်ပီးမှ ကိုဆန်းဦးရင်ဘတ်ကိုမှန်သွားတာ” ဟု ပြောက်ကျားအဖွဲ့ တာဝန်ရှိသူကပြော သည်။

အသက် ၄၅ နှစ်အရွယ် ကိုဆန်းဦးပွဲချင်းပြီးသေဆုံးပြီး သူ၏ဇနီးသည်မှာ ကန့်ဘလူကုတင် ၁၀၀ ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်သည်ဟု ဆိုသည်။ ကိုဆန်းဦးသည် လွန်ခဲ့သည့်နှစ်လက စစ်ကောင်စီတပ်များကို ရွာသို့ခေါ်ခဲ့သူဟု ကာကွယ်ရေးတပ်များက စွပ်စွဲထားပြီး သူ၏နေ အိမ်ကိုဗုံးပစ်ပြီး ပထမတစ်ကြိမ် သတိပေးစဉ်က ”ဒီတစ်ခါတော့ အပြစ်မယူပါဘူး။ နောက်တစ်ခါဆို ခွင့်မလွှတ် ဘူး” ဟု ရွာထဲ အသံချဲ့စက်ဖြင့် လိုက်လံအော်ဟစ်ခဲ့သေးသည်ဟုဆိုသည်။

အင်းလယ်ကြီးရွာ ဒေသခံတစ်ဦးက ” လွန်ခဲ့တဲ့နှစ်လက စစ်တပ်ကရွာကို ဝင်စီးဖူးလို့ ရွာသားတွေကြောက်ပီး ရွာတစ်ဝက်လောက်က အဲ့ကတည်းက တောထဲမှာပဲ သွားနေကြတော့တာ။ အဲ့တော့ အခုရွာမှာ ပျူစောထီးတွေက အနိုင်အထက်ပြုနိုင်ကြတာပေါ့၊ စိန်ခေါ်ကြတာပေါ့” ဟုပြောသည်။mizzima

ညောင်ဦးမြို့နယ်ထဲက Mytel တာဝါတိုင် ဖျက်ဆီးခံရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ကို အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ပေါက်ကွဲသံကြားလိုက်ရတယ်။ တိုင်ကြီးကတော့ လဲမသွားဘူး။ စစ်တပ်က မိုင်းထောင်ထားတယ်ဆိုလို့ သွားလည်းမကြည့်ရဲဘူး။ Mytel ဖုန်းလိုင်းတွေပျက်သွားတယ်” လို့ ပြောပြပါတယ်။

အဆိုပါ ဖောက်ခွဲဖျက်ဆီးမှုကို ပုဂံညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BGN_NYU PDF) က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပုဂံညောင်ဦး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက “ဒီက ရဲဘော်တွေ ဖောက်ခွဲဖျက်ဆီးလိုက်တာ ဟုတ်ပါတယ်။ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်သည်အထိ ဆက်လက်လုပ်ဆောင်သွားမှာပါ။ အခုထက်ဆက်ပြီးလည်း အရှိန်မြှင့်လုပ်ဆောင်သွားမှာပါ။” လို့ ပြောပါတယ်။

ပုဂံညောင်ဦးမြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီသတင်းပေးတွေနဲ့ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရပေမယ့် တာဝန်ကနေ နုတ်ထွက်တဲ့အုပ် ချုပ်ရေးမှူးမရှိသလောက် နည်းပါးနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံနဲ့အဝှမ်းက အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော်ဖျက်ဆီးခံရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေဆီက သိရပါတယ်။DVB

“တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်း စေမယ်” အကြမ်း ဖက် စစ်ကောင်စီ ချေမှုန်းရေး အရာတော် ကျောင်းသားလူငယ်များ ချီတက် ဆန္ဒပြ

khit thit

ရခိုင်ပြည်နယ်က ၁၂ နှစ်အထက် ကျောင်း သား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို စစ်ကောင်စီက ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီက စတင် ထိုးနှံပေးခဲ့ပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ နှစ်သိန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအား အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသူ/ကျောင်းသားတွေအား  ထိုးပေးနေတာပါ။

ရခိုင်ပြည်နယ်ရှိ ၁၆ မြို့နယ်ကို ဒီနေ့မနက် စတင်ကာ တစ်ပြိုင်တည်းထိုးပေးနေတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မာန်အောင်မြို့နယ်ကိုလည်း ကာကွယ်ဆေး ကြိုးစားပို့ပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။DVB

သီတင်းကျွတ်ပွဲတော်ရက်အတွက် ချောင်းသာ၊ငွေဆောင် ဟိုတယ်ခန်းများ ကြိုတင်မှာယူမှုများပြား

သီတင်းကျွတ်ပွဲတော်ရက်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာနှင့် ငွေဆောင်သို့ အပန်းဖြေသွားလိုသူမြင့်တက်နေပြီး ဟိုတယ်ခန်းများ ကြိုတင်မှာယူသူများပြားလှကြောင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းထံမှသိရသည်။

“ ကျွန်တော်တို့အကုန်လုံးက ကိုဗစ်စည်း ကမ်း အတိုင်း ပြန်ဖွင့်ရတာ၊ အခန်း ၁၀၀ရှိရင် ၁၀၀အကုန်မဖွင့်ရဘူး။ ဧည့်သည်တွေ ပြန်ထွက်သွားတာနဲ့ ချက်ခြင်း ဆေးဖျန်းပိုးသတ်ပြီးတော့ အကုန်ရှင်းလင်းပြီး အခန်းကိုသတ်မှတ်ချက် အတိုင်း အကုန်ပိတ်ထားရသေးတယ်။ ပြီးမှ ဧည့်သည့်အသစ်ကို လက်ခံလို့ရတာ။

အဲ့ဒါကြောင့် ဧည့်သည်တွေက အမှာတင်လာရင် ရက်အလိုက်ကို ချိန်ပြီးတော့ လက်ခံရတာ၊ အခုကတော့ အကုန်ပြည့်နေပါပြီ” ဟု ချောင်းသာကမ်းခြေမှာ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည့် ဟိုတယ်တစ်ခု၏ မန်နေဂျာက ပြောသည်။ချောင်းသာကမ်းခြေတွင် ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၁၆လုံး တည်းခိုခန်း ၂၅လုံးရှိပြီး Sea View နေရာရှိ ဟိုတယ်နှင့် တည်းခိုခန်းများကတော့ အခန်းကြိုတင်မှာယူထားသူများဖြင့် ပြည့်သွားပြီဆိုသည်။

ကမ်းခြေသွားလည်သည့်သူများအတွက် ဧည့်စာရင်းစစ်ဆေးခြင်းနှင့်လည်း ကြုံတွေ့ရနိုင်သည်။ ” ဧည့်စာရင်းကတော့ ရှောင်တခင်ဝင်ဝင်စစ်တယ်။ အခုလည်း ရဲကတော့ လာမှာထားတယ်၊ ဧည့်စာရင်းတွေ သေချာတိုင်ဖို့။ လာသမျှ ဧည့်သည်တွေကို စာရင်းမသွင်းခင်ထဲက မှတ်ပုံတင်နဲ့ မျက်နှာကို သေချာတိုက်ကြည့်ဖို့၊ ကိုယ့်ဧည့်သည်စီးလာတဲ့ကားကအစ မှတ်ထားဖို့ မှာထားတယ်”ဟု တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြော သည်။

ငွေဆောင်ကမ်းခြေတွင်လည်း ပြန်လည်ဖွင့်လှစ်ထားသည့် ဟိုတယ် ၃၀လုံးမှာ ၈၀ရာခိုင်နှုန်းကျော် အခန်းကြိုတင်မှာယူထားသူများဖြင့် ပြည့်နှက်နေပြီဆိုသည်။ “လှမ်းမေးသမျှကတော့ အကုန်ပြည့်နေတယ်။ အခုရက်ထဲ မိုးနည်းနည်းလိုက်နေတော့ ကမ်းခြေဆင်းဖို့တော့ နည်းနည်းသတိထားရမယ်။ ကိုဗစ်ကတော့ ဒီမှာအကုန်ဆေးထိုးပေးထားကြတယ်။ ရဲတင်မကဘူး၊ စစ်တပ်လည်း ဒီမှာရောက်နေတယ်။ အင်အားတိုးပြီးတော့ ချထားတာတွေ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဂေါ်ရန်ဂျီကျွန်းတွင်တော့ လမ်းပန်းဆက်သွယ်ရေးအားနည်းမှုနှင့် စစ်ကောင်စီတပ်များတပ်စခန်းချကာ လမ်းခရီးတွင် ရှာဖွေစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် သီတင်းကျွတ်ပွဲတော်အတွက် လာရောက်ဖို့ ချိတ်ဆက်ထားသည့် ဧည့်သည့်ရှားပါးလွန်းနေကြောင်း ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။

သီတင်းကျွတ်ပွဲတော်ကာလအတွင်းမှာ ကမ်းခြေများတွင် မီးရှူးမီးပန်းနှင့် ဗျောက်အိုးဖောက်ခြင်းများ၊ မီးပုံပွဲလုပ်ခြင်းနှင့် ည ၁၀နောက်ပိုင်း ကမ်းခြေဆင်းခြင်း မလုပ်ဆောင်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်ဟုလည်း သိရသည်။mizzima

ဘုတလင် ထွေအုပ်ရုံးကားကို PDF က တိုက် ခိုက်၊ မုံရွာက ကျေးရွာအုပ်ချုပ်ရေးမှူး အမြွှာနှစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထ‌နောင်းကုန်းကျေးရွာနဲ့ ဇီးကုန်းကျေးရွာကြား ပိုးကုန်းလမ်းခွဲ၊ မုံရွာ-‌ရေဦး-တန့်ဆည်လမ်းမ‌ပေါ်မှာ အောက် တိုဘာ ၁၇ ရက်‌ နေ့လယ် ၁ နာရီခွဲက ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။

“ကျနော်တို့နယ်မြေခံ PDF တွေက အထွေထွေအုပ်ချုပ်ရေးမှူးရုံးကား ဖြစ်တယ်လို့ သတင်းရတာနဲ့ အခုလို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ အကျအ ဆုံးကတော့ မသိရသေးဘူး။ ကားကတော့ တပတ်လည်သွားတယ်။ ကျနော်တို့လည်း မိုင်းဆွဲပြီး အသက်လုပြေးရတာကြောင့် အတိအကျတော့ မပြောနိုင်ဘူး။ အကျအဆုံးကတော့ များလိမ့်မယ်လို့ ခန့်မှန်းထားတယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း အခု အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးတွေ အင်အားအလုံးအရင်းနဲ့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီ ကားတန်းတွေကို အကြိမ်ကြိမ် အခုလို မိုင်းဆွဲခဲ့တာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊  ကျောက္ကာမြောက်ရွာ လက်ဖက်ရည်ဆိုင်တဆိုင်မှာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့ အမြွှာညီအစ်ကို ၂ ယောက်ကို အောက်တိုဘာ ၁၇ ရက် မနက် ၉ နာရီလောက် အမည်မသိလက်နတ်ကိုင်အဖွဲ့က ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

ဦးညီညီဝင်းရဲ့ သူငယ်ချင်းတစ်ဦးက “ဘယ်အဖွဲ့မှန်းတော့ မသိလိုက်ရဘူးဗျ။ အခု အသတ်ခံရတဲ့ ဦးညီညီဝင်းကတော့ ကျောက္ကာမြောက်ရွာက အုပ်ချုပ်ရေးမှူးတစ်ဦးပဲဗျ။ အုပ်ချုပ်ရေးမှူးတာဝန်ကနေ ထွက်စာတင်ထားတာ ၃ ကြိမ် တင်ထားတယ်ဗျ။ မနက်ခင်း လက်ဖက်ရည်‌သောက်ရင်း အခုလို ဦးညီညီဝင်းတို့ အမြွှာညီအစ်ကို အသတ်ခံလိုက်ရတယ်”လို့ ပြောပါတယ်။

ဦးညီညီဝင်းတို့ အမြွှာညီအစ်ကိုကို သတ်သွားသူတွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာကိုတော့ သီးခြားအတည်ပြုချက်  မရသေးပါဘူး။ လက် ရှိအချိန်မှာ အလောင်းကို အကြမ်းဖက်စစ်ကောင်စီက သယ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။DVB

« Older Entries